သစ်ပင်စိုက်လိုက်တာပါပဲ…..

16/01/2018 14:53 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာလေတွေကို သန့်စင်ပေးတဲ့ အောက်စီဂျင်စက်ရုံလေး တစ်လုံးတည်ဆောက်ပေး လိုက်တာပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာအေးမြတဲ့ ဇရပ်တစ်ဆောင် တည်ဆောက်ပေး လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာ အဆာပြေစားဖို့ အဟာရပြည့်စုံတဲ့ အစားအစာတွေကို ထုတ်လုပ်ပေးတဲ့ မုန့်ဆိုင်လေးတစ်ခု ဖန်တီးပေး လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာမြေကြီးတွေကို ရေမှာမျောမပါစေဖို့ တံတိုင်းတစ်ခု တည်ဆောက် လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာရေသန့်စက်ရုံတစ်လုံးကို တည်ဆောက်လိုက် တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာ ကမ္ဘာမြေကြီးရဲ့ ဆိုးရွားလှတဲ့ရာသီဥတုကို ထိန်းညှိပေးမယ့် တန်ခိုးရှင်လေး တစ်ပါး မွေးဖွားပေး လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင့်ပတ်ဝန်ကျင်မှာ ရှိတဲ့ဂေဟစနစ်လေးကို ထိန်းသိမ်းပေး လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင့်အတွက်ငွေလိုတဲ့အခါ သုံးစွဲဖို့ ဘဏ်တိုက် တစ်လုံး ကို ဆောက်လိုက် တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင့်မိသားစု နေထိုင်ဖို့ သစ်တွေကို ရရှိမယ့် သစ်ဆိုင် တစ်ဆိုင် တည်လိုက် တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင့်မိသားစု အစားအသောက်တွေ ချက်ပြုတ်ပေးမယ့် မီးဖိုလေးတစ်ခု တည်ဆောက်လိုက်တာပါပဲ။

သစ်ပင်စိုက်လိုက်တာ နဲ့ သင်ဟာ ယခုဘဝအတွက်ပဲ ကုသိုလ်ပြုနေတာမဟုတ်ပါဘူး။ နောင်သံသရာအတွက် ပါရမီ ဖြည့်ကျင့်နေတာပါပဲ။

 

အဲဒါတွေကြောင့်....... သင်ဟာ မျှားတစ်ချောင်း နဲ့ ငှက်နှစ်ကောင်ကို ပစ်တာ မဟုတ်ပါဘူး။ သတ္တဝါတွေ အတွက် အေးမြတဲ့ ဗိမာန် တစ်ခုကို တည်ဆောက် လိုက်တာပါပဲ။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်