သစ်သီးပင်များစိုက်ပျိုးခြင်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကောင်းမွန်စွာ စိုက်ပျိုးခြင်းသည် သစ်သီးပင်များ ကြီးထွားမှု ကောင်းမွန်ရေးနှင့် သီးထွက်ကောင်းရရေးကို အာမခံပါသည်။

၁။ ချက်ချင်းမစိုက်ခဲ့လျှင် အပင်ကို စောင်းထားပါ။ ကျိုးနေသော သို့မဟုတ် ပျက်စီးနေသော အမြစ် များကို ဖြတ်ထုတ်ပစ်ပြီး သပ်သပ်ရပ်ရပ် ပြုလုပ် ထားပါ။ ရေဓာတ် ပြန်လည်ရရှိလာစေရန် မစိုက် မီ နာရီအနည်းငယ်ကြာ ရေစိမ်ထားပေးပါ။

၂။ ပလပ်စတစ် သို့မဟုတ် သတ္တုအိုးကို လုံးဝ ဖယ် ပေးသင့်ပါသည်။ ပတ်လည်တွင် ဖြစ်ပေါ်နေ သော အမြစ်များကို သတိထား၍ ဖြတ်ထုတ်ပစ်ပါ။ ဖိသိပ်ထည့်ထားသော မြေ သို့မဟုတ် စက္ကူ ဘူးများကို ထိပ်ပိုင်းတစ်ဝက် ဖယ်ထုတ်ပစ်ပါ။

၃။ ပတ်ချည်ထားသော ကြိုးများကို ဖြတ်ပါ။ ဂုန်နီ အိတ် အနည်းဆုံး သုံးပုံတစ်ပုံထိ အောက်သို့ ဆွဲ ချပါ။ အမြစ်ကြီးထွားဖွံ့ဖြိုးရန်အတွက် ကျန်ဂုန်နီ အိတ်ကို လှီးဖြတ်ပါ။ ဝါယာခြင်းတောင်းထဲတွင် စိုက်ထားခြင်းဖြစ်လျှင် ထိပ်ပိုင်းကို ဖြတ်ထုတ်ပါ။

စိုက်ပျိုးချိန်တွင် မြေခံမြေဩဇာထည့်ရန် မမေ့ပါနှင့်။ လေဟာနယ်များ ဖယ်ရှားရန် မြေကို ရေနှစ်ပေးပါ။

Ahtun

Source- myanmar-humanitarianinfo.org (နည်းပညာ အနှစ်ချုပ် အမှတ်စဉ် ၃၄)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်