နှမ်း၊ မြေပဲ၊ ဝါ၊ ဖရုံ၊ ခရမ်းချဉ် သီးနှံတွေမှာ ဆောင်ရွက်သင့်သော ရိတ်သိမ်းချိန်လွန်နည်းပညာများအကြောင်း

24/09/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့်  နှမ်း၊ မြေပဲ၊ ဝါ၊ ဖရုံ၊ ခရမ်းချဉ် သီးနှံတွေမှာ ဆောင်ရွက်သင့်သော ရိတ်သိမ်းချိန်လွန်နည်းပညာများအကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာနခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါက်တာလှလှမြင့်ကို မေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

နှမ်း၊ မြေပဲ၊ ဝါ၊ ဖရုံ၊ ခရမ်းချဉ် သီးနှံတွေမှာ ဆောင်ရွက်သင့်သော ရိတ်သိမ်းချိန်လွန်နည်းပညာများအကြောင်းများ၊ နှမ်းထောင်ရာတွင် ပြုလုပ်သင့်သော အကြောင်းအရာများ၊ အရည်အသွေးကောင်းမြေပဲရရှိရန် ဘယ်လိုလုပ်ဆောင်ရမလဲ၊ မြေပဲတောင့်များ အခြောက်ခံရာတွင် လုပ်ဆောင်ရမည့်အချက်များ၊ အယ်ဖာတောက်ဆင်မှို ကင်းစင်အောင် လုပ်ဆောင်ရမည့်အချက်များ၊ ဝါထွက်ကောင်းအောင် ပြုလုပ်သင့်သည့်အချက်များ၊ ဝါဂွမ်းများ ထိခိုက်မှု နည်းစေမည့် အချက်များ၊ ဖရုံသီးများကောင်းစွာ သိုလှောင်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် အချက်များ၊ သတိထားသင့်သည့် အချက်များ၊ ခရမ်းချဉ်သီးနှံများအတွက် အကောင်းဆုံး သိုလှောင်နိုင်ရန် လုပ်ဆောင်ရန်အခြေအနေများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသော အားနည်းချက်များကို ပြုပြင်သင့်သည့် အချက်များအကြောင်းကို တောင်သူများသိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်ရှင်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်