ဆေးဘဲဥကို ဝယ်စားတုန်းလား? ကိုယ်တိုင်လုပ်ကြည့်ကြမယ်

25/10/2021 11:00 AM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ဆေးဘဲဥ ခေါ်  ဖီတန်ကို လူတိုင်းကြားဖူးမှာပါ။ ဆေးဘဲဥက အမျိုးသမီးတွေအတွက်လည်း ကျန်းမာရေးအရ စားပေးသင့်ပါတယ်။ ဒါကြောင့် ဆေးဘဲဥလုပ်နည်းလေးကို တင်ပြလိုက်ပါတယ်။ 

    ဦးစွာ ဆော်ဒါမှုန့်ကို မီးဖိုပေါ် ငါးမိနစ်ခန့် အဆက်မပြတ်လှော်ပေးရန်လိုပါသည်။ သို့မှသာ ဆော်ဒါမှ ဆော်ဒါအက်ရှ်ဖြစ်မည်ဖြစ်ပါသည်။ အချို့ကလည်း ဆော်ဒါမှုန့်ကိုမလှော်ဘဲသုံးပါသည်။

(၁) ဘဲဥ ၅ လုံး ခန့်

(၂) ပြာ နို့ဆီဘူးတစ်ဘူး (ဖွဲပြာ၊ မီးဖိုပြာ)

(၃) မဖောက်ထုံးမှုန့် နို့ဆီဘူးတစ်ဘူး

(၄) မှုန့်ဖုတ်ဆော်ဒါမှုန့် သို့ ဆော်ဒါအက်ရှ်(soda ash)အနည်းငယ်

(၅) ဆား အနည်းငယ်

(၆) လက်ဖက်ခြောက်လက်တစ်ဆုပ်

    ဘဲဥများကို ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ထားပါ။ အနှစ်ပြုလုပ်ရန် ထုံးမှုန့်၊ ပြာ၊ ဆော်ဒါအက်ရှ်၊ ဆားနှင့် လက်ဖက်ခြောက်ကို ရေနွေးပူပူတွင် ကျအောင်စိမ်ပြီး အအေးခံထားသောရေတို့ကို ဇလုံတစ်ခုတွင်နယ်ပါ။ လက်ဖက်​ခြောက်ရေပမာဏထည့်ရာတွင် မများစေရန်သတိပြုပါ။ ရေများလျှင် အနှစ်များ ဥတွင်မကပ်နိုင်ပါ။ ထို့နောက် ဘဲဥများကို အနှစ်ထဲတွင်စိမ်ပြီး ဥတစ်လုံးချင်းကို အနှစ်များဖြင့် ဘိလပ်မြေကိုင်သကဲ့သို့ လုံအောင်မံပေးပါ။ ပြီးနောက် ဥများကို အိတ်အမဲထဲတွင် လေလုံအောင် သေချာထုတ်ပိုးပြီး အေးမြပြီး နေရောင်မထိသောနေရာတွင်​ရောမရွေ့စေဘဲ နှစ်ပတ်သိမ်းပါ။ နှစ်ပတ်ကြာလျှင်အိတ်မှထုတ်ကာ ခဲနေသောအနှစ်များကိုဇွန်းဖြင့်ရိုက်ခွာကာ ဆေးဘဲဥကို နှစ်သက်သလိုစားနိုင်ပါပြီ။ မိမိသုံးသော ပြာပေါ်မူတည်ကာ ဘဲဥအရောင်မှာ အဝါရောင်မှ အမဲရောင်အထိရှိနိုင်ပါသည်။

    လုပ်ရလွယ်ကူပြီး အိမ်တွင်ကိုယ်တိုင်လုပ်နိုင်သော ဆေးဘဲဥကို ကိုယ်တိုင်လုပ်နိုင်ရန်ရည်ရွယ်၍ရေးသားလိုက်ရပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်