ကျွန်တော်တို့တွေ ခရမ်းချဥ်ပင်စိုက်တာဟာ အသီးရဖို့ပဲဖြစ်ပြီး အရွက်တွေကိုတော့ စွန့်ပစ်ကြပါတယ်။ အခုကတော့ အရွက်တွေကိုပါအကျိုးရှိရှိ သုံးလို့ရမဲ့ နည်းလမ်းလေးကို မျှဝေပေးမှာပါ။ ဘယ်လိုသုံးမှာလဲဆိုရင်တော့ ပိုးသတ်ဆေးရည်အဖြင့် ဖော်စပ်သုံးရမှာပါ။
ကုန်ကျစရိတ်သက်သာပြီး လွယ်လွယ်ကူကူဖော်စပ် ပြုလုပ်နိုင်သောနည်းလမ်းလေးမို့ မိတ်ဆွေတို့ကို မျှဝေပေးချင်ပါတယ်။
၁။ လိုအပ်သော ပစ္စည်းများ
- ခရမ်းချဥ်ရွက် (၆၀) ကျပ်သား
- ခရမ်းချဥ်အရိုးနဲ့ အသီး (လက်တစ်ဆုပ်စာ)
- ရေ(၄)လီတာ (ရေသန့်ဗူး ၄ ဗူး)
- ဆပ်ပြာ တစ်ဇွန်း
၂။ ပြုလုပ်နည်း
- ခရမ်းချဥ်ရွက် (၆၀)ကျပ်သားကို ရေ (၂)လီတာ ရော၍ မိနစ်(၃၀) ကြာ ကြိုပါ
- ထို့နောက် ခရမ်းချဥ် အရိုးနဲ့အသီး (လက်တစ်ဆုပ်စာ)ကို ထည့်ပါ
- ရေ(၂)လီတာ ထပ်ထည့်၍မွှေပါ
- (၆)နာရီကြာ ထားပြီး ဆပ်ပြာ တစ်ဇွန်းထည့်၍မွှေပါ
- ထို့နောက် အရည်စစ်ထုတ်ပြီး ပိုသတ်ဆေးရည်အဖြစ် အသုံးပြုနိုင်ပြီး ပိုးမွှားကျရောက်သော အပင်အစိတ်အပိုင်းများကို ပက်ဖျန်းနိုင်ပါတယ်။
၃။ နှိမ်နင်းနိုင်သည့် ပိုးမွှားနှင့် ရောဂါများ
- ဖလံကောင်များ
- ခူကောင်များ
- ယင်ဖြူများ
- ပုရွတ်ဆိတ်များ
- နှံကောင်များ
- နီမတုတ်များ
- မှိုရောဂါများ
- ဘတ်တီးရီးယားများ
မှတ်ချက်။ ။ ပိုးမွှားအရေအတွက်များပါက နှစ်ရက်ဆက်တိုက်ဖျန်းပေးပါ။ ခရမ်းချဥ်ရွက်တွေကို ကြိုချက်လိုက်တဲ့အခါ အဆိပ်တောက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများထွက်ပေါ်လာပါတယ်။ ဒါ့ကြောင့် ဆေးဖျန်းချိန်မှာ လက်အိတ်များနဲ့ ပါးစပ်အုပ်များ ဝတ်ဆင်ပါ။
ထွန်းရာဇာ
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ