လျှပ်စစ်ဖောက်စက်ဖြင့် ဘဲဖောက်နည်း

12/11/2021 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ဘဲဥများကိုသားဖောက်ရန်  လျှပ်စစ်ဖောက်စက်ကို အသုံးပြုပြီးလည်း သားဖောက်နိုင်ပါသည်။ဘဲကောင်ရေ များများဖောက်လိုသည့်အခါမှာ ဖောက်စက်ကိုအသုံးပြုပြီးဖောက်ရန် လိုအပ်ပါသည်။ ဖောက်စက်ဖြင့် သားဖောက်ရာတွင် ဖောက်မည့်ဘဲဥများကို ကနဦးရွေးချယ်ရာမှာ သန့်ရှင်းလတ်ဆတ်မှုရှိရပါမည်။ ဘဲထီးတစ်ကောင်ကို ဘဲမ ၁၀ ကောင် မျိုးဘဲထားရှိ၍ မျိုးဥဖောက် ဥထုတ်လုပ်နိုင်ပါသည်။

    ဘဲဥသည် ၂၈ ရက်ကြာမှ သားပေါက်သဖြင့် ဝပ်စက် (Setters) ထဲတွင် ၁၅ ရက်ထားရှိ၍ ကျန်ရှိသည့် ၁၃ ရက်ကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့ထားမှ ဘဲသားပေါက်လေးများ ထွက်ရှိလာပါမည်။ 

    ဝပ်စက် (Setters) ၏ အပူချိန်မှာ ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၅၉ ဆဲလ်စီးယပ်စ်)နှင့် ရေငွေ့ပါဝင်နှုန်း (၅၅%)ဖြင့် ချိန်ပေးရပါမည်။

    ဘဲဥများကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့သည့်အခါတွင် အပူချိန်ကို ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၂၉ ဆဲလ်စီးယပ်စ်) နှင့် ရေငွေ့ ပါဝင်နှုန်း (၆၅%) ချိန်ထားပြီး ဘဲသားပေါက်လေးများ နှုတ်သီးထွက်စချိန်တွင် လေထုအတွင်းစိုထိုင်းဆ (၈၀%) သို့ တိုးမြှင့်ပေးရပါမည်။

    ဘဲသားလေးများ စုံညီစွာထွက်လာသည့်အခါ အပူချိန်ကို ၉၇ ဒီဂရီဖာရင်ဟိုက် (၃၆.၁၉ ဆဲလ်စီးယပ်စ်) နှင့် စိုထိုင်းဆ ၇၀% သို့ ထားပေးရပါမည်။

    ဘဲသားလေးများ စုံညီစွာထွက်ရှိပြီး အမွှေးခြောက်သည့်အခါတွင် ဖောက်စက် (Hatchers) ထဲမှ ထုတ်ယူပြီး မွေးခြံထဲသို့ ပြောင်းရွှေ့မွေးမြူနိုင်ပါပြီ။

မှီငြမ်း- တစ်နိုင်တစ်ပိုင်ဘဲမွေးမြူရေးစာမျက်မှာမှ ကောက်နှုတ်တင်ပြပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်