ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ပြောင်းစိုက်ဧကများအတွက် ပြောင်းမျိုးစေ့များ ပြန်လည်ထောက်ပံ့မည်

06/08/2018 14:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းမှူကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး စိုက်ခင်းများပျက်စီးသွားသော ပြောင်းစိုက်တောင်သူများအတွက် မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း၏ အစီအစဉ်ဖြင့် ပြောင်းပြန်လည်စိုက်ပျိုးမည့်တောင်သူများကို ပြောင်းမျိုးစေ့များ ထောက်ပံ့ပေးမည်ဟု သိရသည်။

ထို့ကြောင့် ပြောင်းခင်းများ ပြန်လည်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာအသင်းခွဲများထံတွင် ဆက်သွယ်ကြရန်နှင့် ရေကြီးနစ်မြုပ်ခဲ့သော ဒေသများရှိ အသင်းခွဲများက တိကျသောစာရင်းများကို မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းသို့ စောလျင်စွာပေးပို့ပါရန်အကြောင်းကြားခဲ့ကြောင်းသိရပြီး သွင်းအားစုဖြစ်သော မြေသြဇာကိစ္စများအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းပြီး သတင်းထုတ်ပြန်ပေးပါမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖုန်း - 09767014356/ 097774371430

        09422552133/09895603331

အီးမေးလ် - minkhaing298@gmail.com

               mcfta hq2016 @ gmail.com

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်