သီးနှံများရဲ့ အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံ Guangxi Institute of Standards and Technology (GXIST) အဖွဲ့နဲ့ သုတေသန ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
သီးနှံ(၃)မျိုးဖြစ်တဲ့ ပဲပုပ် ၊ ပြောင်းနဲ့ ဖရဲသီးနှံများရဲ့အရည်အချင်းဆိုင်ရာ စံချိန်စံညွှန်းများအတွက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး သုတေသနဆောင်ရွက်သွားမှာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန့်လွင်ဦးကပြောပါတယ်။
“ အခုက သီးနှံတွေရဲ့ စံချိန်စံညွှန်းတွေဖော်ဆောင်နိုင်ဖို့အတွက် သုတေသနနဲ့နည်းပညာတွေကို တရုတ်နိုင်ငံကအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ သုတေသနဆောင်ရွက်သွားမှာပါ။ ပြောင်း ၊ ဖရဲနဲ့ ပဲပုပ် တွေကို အခုလက်ရှိမှာလည်း သုတေသနပြုဆောင်ရွက်နေပါတယ်”
ပဲပုပ်သီးနှံ(၅)မျိုး ၊ ဖရဲမျိုး (၃)မျိုး နဲ့ ပြောင်းသီးနှံ(၁၈)မျိုးတို့ကို သုတေသနပြုဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။
အဆိုပါ သုတေသနမှာ တရုတ်- မြန်မာနှစ်နိုင်ငံအကြား သီးနှံစံချိန်စံညွှန်းများ သတ်မှတ်ရေး၊ သုတေသနများ အကျိုးတူဆောင်ရွက်နိုင်ရေးနဲ့ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနဲ့ Guangxi Institute of Standards and Technology (GXIST) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Greenovator