ပတ်ဝန်းကျင်ထိန်းသိမ်းရန် စွမ်းအင်အသုံးပြုမှု လျော့ချပါ

17/01/2018 10:56 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ အကူအညီလိုပါသလား? ။ ဒီအချက်လေးတွေကို လေ့လာကြည့်ရင်တော့ ပြောသလောက် မခက်တာကို တွေ့နိုင်ပါတယ်။ ကဲ စလိုက်ကြရအောင်။

(၁)     လျှပ်စစ်နဲ့အသုံးပြုရတဲ့ပစ္စည်းမှန်သမျှကို မလိုအပ်ရင်၊ မသုံးသေးရင် ပိတ်ထားပါ။ မီးချောင်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ပရင်တာ အစရှိတာတွေပေါ့။

(၂)     ပလပ်ပေါက်ကို ဖြုတ်ထားပါ။ အားသွင်းကြိုး တွေဟာ “phantom” စွမ်းအင်တွေကို ဆွဲယူ နေကြပါတယ်။ application တစ်ခု သုံးအပြီး ပြန်ပိတ်လိုက်ချိန်မှာအောင် စွမ်းအင်ကတော့ ဆက်လက် သုံးနေဆဲပါ။ တကယ်လို့များ ဘက်ထရီတစ်ခုက ၃၆နာရီခံခဲ့မယ်ဆို သတ်မှတ်ချိန် မပြည့်မီမှာ အားသွင်းကြိုးကို ဖြုတ်ထားပါ။ ဖြစ်နိုင်သမျှကြိုးတွေအားလုံးကို ပလပ်ဖြုတ်ထားပါ။

(၃)     အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ စွမ်းအင်အရင်းအမြစ်ကို သုံးပါ။ USA ရဲ့ စွမ်းအင်အသုံးပြုမှု ၇၁ ရာခိုင်နှုန်းဟာ သဘာဝလောင်စာတွေ လောင်ကျွမ်းခြင်းက ရတာပါ။ ကျောက်မီးသွေးကဲ့သို့သော လောင်စာမျိုးတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းစေပြီး greenhouse ဓါတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ပျှမ်းမျှ လောင်စာလောင်းကျွမ်းမှုဟာ တစ်နှစ်ကို ကျောက်မီးသွေး ၁၂၀၀၀ ပေါင် ရှိပါတယ်။ များစွာသော အီလက်ထရစ် ကုမ္ပဏီတွေဟာ အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။ ဥပမာ-ဆိုလာပြားတွေ၊ လေရဟတ်ကြိတ်စက် တွေဟာ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ပါတယ်။

(၄)     သဘာဝအလင်းရောင်ရအောင်ယူပါ။ အိမ်ခေါင်မိုးမှာ အလင်းရောင်ဝင်နိုင်တဲ့ မှန် (သို့) အလင်းသွပ်မျိုး (၂)ချပ်လောက် ဖောက်ထားပါ။ ဒါမှသာ နေ့အချိန် မီးချောင်းများ ပိတ်ထားနိုင်မှာဖြစ်ပြီး တစ်ချို့သော အလင်းသွပ်အမျိုးအစားတွေဟာ စွမ်းအင်အဖြစ်ပါ ကူးပြောင်းပေးနိုင် ပါသေးတယ်။

(၅)     လျှပ်စစ်နဲ့ အသုံးပြုရတဲ့ လေ့ကျင့်ခန်းသုံးစက်တွေ အသုံးမပြုပါနဲ့။ အဲ့ဒီအစား တကယ့် စက်ဘီးအစစ်တစ်စီးကို အသုံးပြုပါ။ ဒါမှမဟုတ် တစ်နေရာမှ တစ်နေရာကို လမ်းလျှောက်ပါ။ အလုပ်ပို လုပ်ပါ။

          ဒီအခြေခံအချက်လေးတွေ လိုက်နာကြည့်ရင် ကျွန်ုပ်တို့တစ်ဦးချင်းဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ထိန်းသိမ်းပေးရာ ရောက်မှာပါ။

Ref:wikihow

Form : Trend Myanmar


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်