မြန်မာ့ထောပတ်သီးကို တရုတ်ကိုတရားဝင်တင်ပို့ရောင်းချနိုင်ရန် တောင်းဆိုခဲ့

19/12/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံဈေးကွက်ကို တရားဝင်တင်ပို့ရောင်းချနိုင်ရန်အတွက် ဒုတိယသမ္မတ(၁)နဲ့ လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲမှာ တောင်းဆိုးခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(ပြင်ဦးလွင်)မှ သိရပါ တယ်။

တရုတ်ဘက်မှ ထုတ်လုပ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ  စိုက်ပျိုးထုတ်လုပ်ပြီး တရားဝင်တင်ပို့ရောင်းချနိုင်ဖို့အတွက် ဒီဇင်ဘာလ (၈)ရက်နေ့တွေ့ဆုံပွဲမှာ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်)မှ ဥက္ကဌ ဦးမျိုးညွှန့်ကပြောပါတယ်။

ထောပတ်သီးကိုလည်း တရားဝင်ရောင်းချပေးနိုင်ဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ သူတို့ဘက်ကထုတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ညီအောင်လို့ စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်ပါသေးတယ်ဗျ။ သူတို့ဆီမှာမရှိတဲ့ ပိုးမွှားတွေရှိခဲ့ရင် တင်သွင်းခွင့်မပြုဘူး

အခုလက်ရှိအချိန်မှာ ထောပတ်သီးကို ထိုင်းနိုင်ငံကို နယ်စပ်ကနေမှတစ်ဆင့် တင်ပို့နေသော်လည်း ဈေးနှုန်းရရှိမှုနည်းပါးလျက်ရှိကြောင်းလည်း သိရပါတယ်။

လာမယ့်နှစ်မှာ မြန်မာ့ထောပတ်သီးကို တရုတ်ပြည်ကို တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးညှိနှိုင်းပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ (၁) နှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ (၃၁) ကြိမ်မြောက်အစည်းအဝေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်