တရုတ်စျေးကွက်ကို တင်ပို့နိုင်ရန်အတွက် မြန်မာ့သီးနှံ (၃) မျိုးရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေကို သုတေသနပြုဆောင်ရွက်နေတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
မြန်မာ့သီးနှံ (၃) မျိုးဖြစ်တဲ့ ဖရဲ၊ သခွှားမွှေး၊ အစေ့ထုတ်ပြောင်းတို့ကို တရုတ်စျေးကွက် စံချိန်စံညွှန်းနဲ့ အရည်အသွေးရရှိစေနိုင်ဖို့အတွက် စမ်းသပ်စိုက်ပျိုး သုတေသနပြုလုပ်နေတာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းကပြောပါတယ်။
ဖရဲ၊ သခွားမွှေး၊ အစေ့ထုတ်ပြောင်းကို စျေးကွက်စံချိန်စံညွှန်းနဲ့ အရည်အသွေးနဲ့အညီ ဖော်ထုတ်နေတယ်။ ပထမတစ်ရာသီတော့ စမ်းသပ်ပြီးသွားပါပြီ။ အခု ဒုတိယတစ်ရာသီ ထပ်ပြီးတော့စမ်းသပ် သွားမယ်။နောက်တတိယရာသီမှာသုတေနသစမ်းသပ်တာအောင်မြင်သွားပြီဆိုလို့ တရုတ်စျေးကွက်အကြိုက် ဖြစ်သွားပြီဆိုရင် တင်ပို့နိုင်မှာပါ
ဖရဲ၊ သခွားမွှေး၊ အစေ့ထုတ်ပြောင်းကို အာဆီယံအရည်အသွေးနဲ့ စံချိန်စံညွှန်းအတိုင်းတင်ပို့နိုင်ရေးအတွက် သုတေသနပြုဆောင်ရွက်နေတာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။
အဆိုပါသုတေသနဖော်ထုတ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ MoU ကို ၂၀၁၈ခုနှစ်အတွင်းက ရေးထိုးကာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)