ဆန်စပါးအသင်းချုပ်မှ ဦးရဲမင်းအောင်၏ ပြောစကား

18/04/2019 14:32 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

အာဖရိကနိုင်ငံ ဖြစ်သည့် Ivory Coast တွင် ဖြစ်ပေါ်သော မြန်မာ့ဆန် ကိစ္စကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် အချက်အလက် ပြည့်စုံစွာ စုံစမ်းဖော်ထုတ်ပြီး သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

အာဖရိကဈေးကွက်သည် ယှဉ်ပြိုင်မှုအလွန်ပြင်းထန်ပြီးပါကစ္စတန်, အိန္ဒိယတို့မှ ဆန်တင်သွင်းသည့် ကုမ္မဏီများနှင့် မြန်မာ, ဗီယက်နမ် စသောနိုင်ငံများမှ တင်သွင်းသူများ အကြား ပြင်းထန်စွာယှဉ်ပြိုင်လေ့ ရှိပါသည်။

မူရင်း သတင်းတင်ပြသည့် BBC သတင်းထောက်နှင့်ထပ်ဆင့် တင်ပြသည့် African News Agency တို့ကို ဆက်သွယ်ထားပါသည်။ အဆိုပါသင်္ဘောအတွက်ဆန်ရောင်းပေးသည့် ပြည်တွင်းကုမ္ပဏီများကိုလည်း စုံစမ်းလျက်ရှိပါသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများသည် FOB Yangon စနစ်ဖြင့် ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ဆန်ဝယ်ယူသည့် Buyer များသည် အချိန်မှန်စွာဖြင့်သင်္ဘောမှ ကုန်မချနိုင်ပါက ကြာမြင့်စွာသိုလှောင်မှု (long Storage) သည် ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်မည် ဖြစ်ပါသည်။ ယခုကိစ္စတွင်လည်း ယေဘုယျအားဖြင့်အာဖရိကနိုင်ငံ (၄) နိုင်ငံအထိ ကုန်မချနိုင်ဘဲ လှည့်ပတ်နေရသည့် အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ပါသည်။  ဆန်ဝယ်သည့် Buyer အနေဖြင့် အဆိုပါကိစ္စတွင် အဓိက တာဝန်ရှိသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်။

ဆန်ဝယ်သူ (buyer) များသည် အဓိကဝယ်ယူစားသုံးသူ (End buyer consumer) များမဟုတ်ဘဲ ကြားခံကုန်သည် (Trader) များသာ ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ, ဈေးကွက်တစ်ခုအတွက် ဝယ်ယူသွားပြီး ကုန်ချ လျှင် ယခုလို ပြသနာမျိုးကို ရှောင်လွဲနိုင်မည်ဖြစ်ပါသည်။

အသင်းချုပ်အနေဖြင့် မြန်မာ့ဆန် အရည်အသွေးစံချိန်စံညွှန်းကိစ္စကို နိုင်ငံတကာ အဆင့်မီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပတင်ပို့သူ(Exporter) များ နှင့် သင်္ဘောမတင်မီ နှင့် တင်စဉ်တွင် စစ်ဆေးရသည့် Third Party Inspection Agency များအနေဖြင့်လည်း ထိရောက်စွာ နှင့် တိကျစွာဖြင့် အရည်အသွေး ပိုင်းတွင် စီမံဆောင်ရွက်သွားဖို့ နည်းလမ်းများရှာဖွေ လုပ်ကိုင်သွားပါမည်။ ကြားခံကုန်သည် (trader) များကို ရောင်းချမှုကြောင့် ယခုလို ပြသနာများ ပေါ်ပေါက်ရသဖြင့် end buyer များအထိ ချိတ်ဆက်ရောင်းချနိုင်သည့် အစီအစဉ်များ နှင့် G to G ရောင်းချမှု အစီအစဉ်များ စီစဉ်ရန် လိုအပ်ပါသည်။

Exporter များ, ဆန်စက်ပိုင်များ အနေဖြင့်လည်း အရည်အသွေး ပိုင်းဆိုင်ရာ စီမံဆောင်ရွက်မှုကို ပို၍ ဦးစားပေးလုပ်ကိုင်သွားရန် လိုအပ်ပါသည်။ ယခုဖြစ်ပေါ်မှုသည်မြန်မာ့ဆန် ပြည်ပတင်ပို့မှု ဈေးကွက်အတွက် ကြီးမားစွာ သက်ရောက်မှု ရှိ၍ အချက်အလက်ပြည့်စုံစွာဖြင့် ဖြေရှင်းထုတ်ပြန်သွားရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဦးရဲမင်းအောင်၏ မူရင်းရေးသားမှုအတိုင်း ပြန်လည် ဖော်ပြပါသည်။ 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်