တရုတ်ကို မြန်မာ့ဆန်တန်ချိန် (၁၀၀၀၀) တင်ပို့သွားမည်

18/06/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နှစ်နိုင်ငံအချင်းချင်း ကုန်ပစ္စည်းဖလှယ်နိုင်ရေးအတွက် မြန်မာ့ဆန်တန်ချိန် (၁၀၀၀၀) ကို တရုတ်ကို တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

ယခုလထဲမှာ နှစ်နိုင်ငံအချင်းချင်း လယ်ယာထွက်ကုန်များ ဖလှယ်နိုင်ရေးအတွက်  မြန်မာ့ဆန်တန် ချိန်(၁၀၀၀၀)ကို တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင် က ပြောပါတယ်။

“ တရုတ်အစိုးရနဲ့ မြန်မာနှစ်နိုင်ငံအချင်းချင်း ကုန်ပစ္စည်းဖလှယ်နိုင်ရေးအတွက် ဒီဘက်ကနေပြီးတော့ ဆန်တန်ချိန် (၁၀၀၀၀)ကို ဖလှယ်ပြီးတင်ပို့သွားမှာပါ။ သူတို့ဘက်ကလည်း ပိုးမွှားတွေဘာတွေ လာစစ်ပြီးသွားပြီ။ ဒီဘက်ကလည်း ဆက်လုပ်စရာရှိတာ လုပ်သွားပြီးတော့ ဒီလထဲမှာပဲတင်ပို့သွားမှာပါ”

မြန်မာ့လယ်ယာထွက်ကုန်များနဲ့ ရေထွက်ကုန်ပစ္စည်းများ ဖလှယ်ကာ ရောင်းချနိုင်ရေးစနစ်ဖြင့် တင်ပို့ရောင်းချသွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

အဆိုပါဖလှယ်တဲ့စနစ်ကို တင်ပို့နိုင်ရေးအတွက်လည်း  MoU ရေးထိုးပြီးပြီဖြစ်ကြောင်းနဲ့ ဆန်တန်ချိန် (၁၀၀၀၀)ကို အမြန်ဆုံး တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်