ယခုနှစ်အတွက် ဆန်တင်ပို့မှုနှင့် ပက်သက်သည့် လုပ်ငန်းအစီအမံ တစ်ခုထွက်ရှိရေး ဆောင်ရွက်မည်

21/01/2019 10:40 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုနှစ်အတွက် ဆန်တင်ပို့မှုနှင့် ပက်သက်သည့် Action Plan (လုပ်ငန်းအစီအမံ ) တစ်ခု ထွက်ရှိလာရေးအ တွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တစ်ကြိမ် ညှိနှိုင်းပြီးပြီ၊ အခုတစ်ကြိမ်လည်း အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်။ နောက်ထပ်လည်း ဆက်ဆွေးနွေးမယ်။ ပြီးရင် လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဆိုသည်။

အဆိုပါ စီမံချက်တွင် ဆန်စပါးနှင့် ပက်သက်သည့် ထုတ်လုပ်မှုပိုင်း၊ အရည်အသွေးပိုင်း၊ စျေးကွက်သစ် ချိတ် ဆက်မှုအပိုင်း၊ သတင်းအချက်အလက်နှင့် သုတေသန လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်