မြန်မာ့ဆန်စပါးစံချိန်စံညွှန်း နောက်ဆုံးအဆင့်ရောက်ရှိ

21/01/2020 10:06 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ဆန်စပါးစံချိန်စံညွှန်းမှာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

အဆိုပါစံချိန်စံညွှန်းကို မြန်မာ့ဆန်စပါးစံချိန်စံညွှန်းကော်မတီကို ပို့လိုက်ပြီဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ထပ်မံလုပ်ဆောင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။ 

မြန်မာ့ဆန်စပါးစံချိန်စံညွှန်း ကော်မတီကိုလှမ်းပို့လိုက်ပြီ။ လိုအပ်ရင်အစည်းအဝေးတွေခေါ်မယ်၊ ညှိနှိုင်းပြင်ဆင်တာတွေလုပ်မယ်။ ဘယ်လိုထုတ်ပြန်မလဲ၊ ဘယ်အဆင့်ကနေထုတ်ပြန်မလဲ၊ ညှိနှိုင်းမယ်၊ စံချိန်စံညွှန်းအနေနဲ့သွားမလား၊ ဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့သွားမလားဆိုတာတွေကို ဆွေးနွေးသွားမှာပါ

မြန်မာ့ဆန်စပါးစံချိန်စံညွှန်းကို ညှိနှိုင်းပြင်ဆင်ဆွေးနွေးမှုများလည်း စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။

မြန်မာ့ဆန်စပါးစံချိန်စံညွှန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ International Finance Corporation တို့မှပူး ပေါင်းဆောင်ရွက်တာဖြစ်ကြောင်းလည်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်