အားသာချက် အားနည်းချက်တွေကိုသိထားတော့ ရှင်းလင်းရလွယ်ကူတာပေါ့

10/01/2019 17:00 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြွက်တွေရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုလည်း သိပါရစေ?

ကြွက်အမျိုးမျိုးမှာ ထူးခြားတဲ့ အားသာချက်တွေရှိတယ်။ မြေကြွက်တွေဆိုလို့ရှိရင် ကျင်းတူးတာ အင်မတန်တော်ပါတယ်။ နောက် ရေကူးလည်း အင်မတန်တော်တယ်။ မြို့ပြမှာရှိတဲ့ ရေမြောင်းတွေက သူတို့အတွက် သွားလာရေးလမ်းကြောင်းပဲ။ ဒါကို သတိထားရမယ်။ အစာရှိတဲ့နေရာကို သူတို့သွားဖို့အတွက် ဒီလမ်းကြောင်းတွေက အရေးပါတယ်။ 

အိမ်ကြွက်လို့ခေါ်တဲ့ကြွက်ဝမ်းဖြူကတော့ အမြင့်တက်အင်မတန်တော်တယ်။ သတိထားရမယ့်အချက်က အိမ်ဘေးနားမှာ အပင်တွေရှိနေရင် အဲဒီကနေတစ်ဆင့် ဝင်လာနိုင်တယ်။ အိမ်တွေမှာ မီးကြိုးတန်းလေးတွေ၊ မီးကြိုးထည့်တဲ့ ပိုက်လုံးတွေရှိရင်လည်း အဲဒါတွေကနေတစ်ဆင့် ဝင်လာနိုင်ပါတယ်။ ဝင်လာခဲ့လို့လူတွေရှိနေရင် သူဟာနေရာ တစ်နေရာမှာ မလှုပ်မယှက်ဘဲနဲ့ ငါးနာရီလောက်အေးဆေးနေနိုင်ပါတယ်။ တစ်ခါတလေဆိုရင် သေချင်ယောင်ဆောင်တတ်ပါတယ်။ ကြွက်မျိုးရင်းဝင်အားလုံးဟာ အနံ့ခံအာရုံ အင်မတန်ကောင်းတယ်။ အစာအနံ့ရလာပြီဆိုလို့ရှိရင် အဝေးကြီးဖြစ်ပေမဲ့ အစာရှိတဲ့ နေရာကို အနံ့ခံပြီးတော့ လာနိုင်ပါတယ်။

"အားနည်းချက်က အမြင်အာရုံအင်မတန် မှုန်ဝါးကြတယ်။ ကြွက်ကို အစာအဆိပ်လုပ်တဲ့အခါ အရောင်ကိုအဓိက မထားပါနဲ့၊ အနံ့နဲ့ အရသာကို အဓိကထားပါ။ အဓိကကတော့ အနံ့ပေါ့။"

ကြွက်ဝမ်းဖြူတွေက အရာဝတ္ထုအသစ်မြင်ရင် အဲဒီဟာကို စောင့်ကြည့်တယ်။ သူ့တို့ကို ဒုက္ခ မပေးဘူးဆိုမှ အဲဒီအရာဝတ္ထုဆီလာတယ်။ ကြွက်ဝမ်းဖြူကကြွက်အားလုံးထဲမှာ အိုင်ကျူအမြင့်ဆုံး ဖြစ်ပါတယ်။ အကယ်၍ အသေဖမ်းတဲ့ထောင်ချောက်နဲ့ ကြွက်ဝမ်းဖြူကိုထောင်ခဲ့လို့ မိတယ်ဆိုရင် နောက်ရက်တွေမှာ ဘယ်ကြွက်မှ ထောင်ချောက်ကိုမှ မလာတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အချင်းချင်းဆက်သွယ်တဲ့ ဆက်သွယ်ရေးစနစ် နှစ်မျိုးရှိတယ်လို့ အထောက်အထား၊ အကိုးအကားတွေကဆိုပါတယ်။

တစ်မျိုးက သူတို့ဟာ အန္တရာယ်တစ်ခုခုနဲ့ ကြုံခဲ့ရင် ဆီးနဲ့မစင်တွေမှာ မချိမဆန့် သေသွားရတယ်ဆိုပြီးတော့ အန္တရာယ်အနံ့ပေးခဲ့တယ်။ သူ့ရဲ့အဖွဲ့က ရောက်လာတဲ့အခါ ရှောင်ကြ ရှားကြဆိုပြီး သိသွားတယ်။ ဒါကြောင့် ြွကက်ဝမ်းဖြူကိုဖမ်းဖို့ ထောင်ချောက်ကို ရေနဲ့ ပြန်ဆေးပြီး နောက်တစ်ရက် ပြန်ဖမ်းရင် အဆင်မပြေတော့ဘူး။ နောက်တစ်မျိုးက ကျွန်မတို့မကြားနိုင်တဲ့ အသံလှိုင်းနဲ့ ဆက်သွယ်ကြတာပါ။ အဲဒီလို အသံမျိုး လွှင့်ထားခဲ့တာကို  ကျန်တဲ့အကောင်တွေကြားရင် ဒီပတ်ဝန်းကျင်ဟာ သူတို့အတွက် အခြေအနေမကောင်းဘူးဆိုတာ သိသွားကြပါတယ်။ 

Source - Myanmar Times


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်