ဘဲဥနှုန်း ကျရိပ်ပြနေပါက အကောင်းဆုံးအဖြေကိုရှာဖွေပါ

26/06/2020 15:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    တော်တော်များများ ဘဲမွေးမြူသူတိုင်း သိချင်တာတစ်ခု (စိုးရိမ်တာ) က ဘဲဉနှုန်းတွေ ဘာလို့များ ကျဆင်းရလဲ? ဆိုတာပဲ ဖြစ်ပါတယ်။

ဘဲမွေးမြူရာမှာ တစ်ခါမှားရင် တစ်ပတ်၊ နှစ်ပတ်ကနေ ခြောက်ပတ်အထိ ဘဲဥနှုန်းကျဆင်းနိုင်ပါတယ်။ တစ်လခွဲ ဉနှုန်းကျရင်၊ သုံးလစာလောက် အကျိုးအမြတ်ထိခိုက်စေနိုင်ပါတယ်။ ခဏခဏ အမှားဖြစ်စေ လက်တည့်စမ်းနေရင်ဖြစ်စေ စာရင်းချုပ်တွက်လိုက်ရင် ဘဲစားဘဲကြေဖြစ်နိုင်ပါတယ်။ ဘဲစားဘဲကြေဖြစ်တော့ ဘဲဖိုးကရှုံး၊ အစာဖိုးကရှုံး၊ အဆောက်အဦးနဲ့ တခြားကုန်ကျစရိတ်တွေလည်းရှုံးဆိုတော့ မိအေးမှာ လေးခါလောက်နာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မွေးမြူတဲ့ပုံစံမှာ ဘာတွေမှားယွင်းနေလဲ အကောင်းဆုံး အဖြေကို ရှာရတော့မှာပါ။

ဟု မကွေးတိုင်း၊ စလင်းမြို့နယ်မှ စီးပွားဖြစ်ဘဲမွေးမြူရေးလုပ်ကိုင်နေသူ ကိုအောင်ကိုဦး က ပြောသည်။

    ဘဲမွေးမြူသူတွေအနေနဲ့ ဘဲ ဥစမ်းကာလမှာ ဘဲဥတဖြည်းဖြည်းနဲ့ ပုံမှန်တိုးတက်ပြီး အမြင့်ဆုံးဘဲဥရာခိုင်နှုန်းကို မရသေးဘူးဆိုရင်တော့ ကိုယ့်ရဲ့မွေးမြူတဲ့ပုံစံမှာ ဘာတွေမှားယွင်းနေလဲ အကောင်းဆုံးအဖြေကို ရှာရတော့မှာလို့ ၎င်းက ဆက်လက်ပြောပါတယ်။

    ဒီလို ဉနှုန်းနည်းပါးရတဲ့အဖြေကို ရှာဖွေရာမှာ သေချာပေါက်တွေ့ရှိရမယ့် အချက်တွေကို အများသိရှိရအောင် ဖော်ပြပေးချင်ပါတယ်။

(၁) အစာကျွေးမွေးပြုစုရာမှာ လိုအပ်ချက်ရှိခြင်း

    ဘဲတွေ ကိုယ်ခံအားကောင်းမွန်ပြီး၊ ဘဲဥ ဉနှုန်းတွေလည်း စံချိန်မီဖို့အတွက်ဆိုရင် အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစာမျိုးတွေကို စနစ်တကျ ရွေးချယ်ကျွေးမွေးသင့်ပါတယ်။ 

    အစာကျွေးမွေးစနစ်မှန်ကန်မှလည်း ဥနှုန်းကောင်းပြီး၊ ဘဲရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပြီး ရောဂါဖြစ်ပွားမှုနည်းပါးစေမှာ ဖြစ်ပါတယ်။ 

(၂) ရေတိုက်ကျွေးတဲ့အခါမှာ လိုအပ်ချက်ရှိခြင်း

    အစာကျွေးမွေးသကဲ့သို့ပဲ ရေတိုက်ကျွေးတာကိုလည်း စနစ်တကျရှိရပါမယ်။

(၃) ခြံအဆောက်အဦတည်ဆောက်ရာတွင် လိုအပ်ချက်ရှိခြင်း

    ခြံအဆောက်အဦတည်ဆောက်တာက အဓိကကျပါတယ်။ ခြံအဆောက်အဦ အထားအသို ထိန်းသိမ်းစောင့်ရှောက်မှု မှန်ကန်နေရင် ဘဲတွေမှာ ကျရောက်တတ်တဲ့ရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ သန့်ရှင်းရေးအားနည်းမယ်၊ ဘဲခြံအိုမင်း (ပျက်စီး) နေမယ်ဆိုရင်တော့ ရောဂါပိုးတွေ ပေါက်ဖွားဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်-

(၄) ဘဲတွေမှာဖြစ်ပွားတတ်တဲ့ ရောဂါတစ်ခုခု ခံစားနေရခြင်း

    ရောဂါဝင်တယ်ဆိုတာကတော့ အလကားနေရင်းနဲ့ မဝင်ပါဘူး။ အစားကျွေးမွေးခြင်း၊ ရေတိုက်ခြင်း၊ ခြံ အဆောက်အဦတည်ဆောက်ရာမှာ သန့်ရှင်းမှုအားနည်းခြင်း စတာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။

အပေါ်က အချက်အားလုံးမှာ စနစ်တကျမှန်ကန်နေပေမယ့်လည်း ဉနှုန်းနည်းနေသေးရင်တော့ -

(၅) မျိုးကောင်းမျိုးသန့် (ဉနှုန်းမြင့်တဲ့ ဘဲမျိုး) မဟုတ်ခြင်း

    ကိုယ်မွေးမြူထားတဲ့ ဘဲမျိုးက မျိုးကောင်းမျိုးသန့် (ဉနှုန်းမြင့်တဲ့ ဘဲမျိုး) မဟုတ်ခြင်းဆိုတဲ့အဖြေကို ရလာပါလိမ့်မယ်။

ဘဲမွေးမြူရင်း စီးပွားဖြစ်ထွန်းနိုင်ကြပါစေ။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်