အိမ်တွင် ချောကလက်ကို ကိုယ်တိုင်လုပ်စားကြည့်ချင်သူများအတွက် ကိုကိုးသီးရောင်းချပေးမည်ဖြစ်ကြောင်း အောင်ဇမ္ဗူ - ကိုကိုး ထုတ်လုပ်ရေးမှ သိရသည်။
ချောကလက်လုပ်ရတာက မခက်ဘူး။ အဓိကက ကုန်ကြမ်းရှိရင် ထုတ်ဖို့ကမခက်ဘူး။ အစေ့ခြောက်ကို ရောင်းချပေးနိုင်ဖို့အတွက် ကျွန်တော်တို့လည်း စီစဥ်နေပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ချောကလက်လုပ်ကြည့်ချင်တဲ့သူတွေ အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရအောင်ပါ။
ဟု တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်ရှိ အောင်ဇမ္ဗူ - ကိုကိုး ထုတ်လုပ်ရေးမှ စီမံအုပ်ချုပ်သူ ဦးနေလင်းအောင် က ပြောသည်။
ချောကလက်ပြုလုပ်နိုင်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သည့် ကိုကိုးသီးအစေ့ခြောက်ကို လှော်၍ အခွံချွတ်ပြီး အမှုန့်ကြိတ်ကာ အရသာအချိုးအဆ လိုအပ်သည့်ပမာဏရောစပ်၍ ချောကလက်ထုတ်လုပ်ရခြင်းဖြစ်သည်။
ကိုကိုးသီးအစေ့ခြောက်ကို လှော်၊ အမှုန့်ကြိတ်ပြီးတော့ သကြား၊ နို့မှုန့် စတာတွေကို ကိုယ်လိုတဲ့အချိုးအဆထည့်ရတယ်။ အရည်ပြစ်ပြစ်ဖြစ်လာရင် ချောကလက်မိုလ် (ပုံစံခွက်) ထဲထည့်၊ ရေခဲသေတ္တာထဲမှာ ထည့်ထားရင်ရပါပြီ။ လုပ်ကိုင်ရတဲ့ အဆင့်တွေကလည်း သိပ်မများပါဘူး။
ဟု ဦးနေလင်းအောင်က ဆက်လက်ပြောသည်။
လက်ရှိကိုကိုးဈေးကွက်အတွင်း၌ ကိုကိုးသီးအစေ့ခြောက် တစ်ကီလိုလျှင် (၁၀,၀၀၀) ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်