လျှော်ဖြူကိုပြည်ပစျေးကွက်သစ်နိုင်ငံများကိုတင်ပို့သွားမည်

26/07/2019 19:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လျှော်ဖြူကိုပြည်ပစျေးကွက်သစ်နိုင်ငံများကိုတင်ပို့သွားမည်
ယခုနှစ်အတွင်းမြန်မာ့လျှော်ဖြူကို ပြည်ပစျေးကွက်သစ်များကို တင်ပို့သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ လျှော်ဖြူအသင်းမှ သိရပါတယ်။
အခုနှစ်အတွင်း ပြည်ပစျေးကွက်သစ်တွေဖြစ်တဲ့ ဂျပန်နဲ့ထိုင်ဝမ်ကို တင်ပို့သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလျှော်ဖြူအသင်းမှ အတွင်းရေးမှူးဦးဟိန်းထက်ကပြောပါတယ်။
“ဒီနှစ်မှာ ထိုင်ဝမ်ကအမှာရှိတဲ့အတွက်တင်ပို့ရမယ်။ ဂျပန်ကိုလည်းတင်ပို့ရမယ်။ ကိုယ်ပို့တဲ့ အော်ဂဲ နစ်ဖြစ်ရ မယ်။ ဓါတုကင်းလွတ်ဖြစ်ရမယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။ ၂၅တန်ယူသွားမယ်။ ကျန်တဲ့ အမျိုးအစားတွေကျတော့ တစ်လကိုတန် ၂၀ တင်ပို့ရမယ်”
မြန်မာ့လျှော်ဖြူကို ပြည်ပနိုင်ငံများဖြစ်တဲ့ ယိုးဒယား ၊ အိန္ဒိယ ၊ ကိုရီးယား ၊မလေးရှားအပြင် ထိုင်ဝမ်နဲ့ ဂျပန်ကို အခုနှစ်အတွင်းမှာ တင်ပို့သွားမှာဖြစ်ကြောင်းသိရပါတယ်။
လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးနေတာ ဖြစ်ကြောင်းမြန်မာနိုင်ငံလျှော်ဖြူအသင်းမှသိရပါတယ်။

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်