လာနီညာရာသီဥတု ဖြစ်လာနိုင်သည့်အတွက် သရက်အထွက်နှုန်းမထိခိုက်စေရန် ဂရုစိုက်သင့်

17/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    လာနီညာရာသီဥတုဖြစ်လာနိုင်သည့်အတွက် သရက်စိုက်တောင်သူများ အထွက်နှုန်းမထိခိုက်စေရန် ဂရုစိုက်သင့်ကြောင်း သရက်စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။ 

လာနီညာရာသီဥတုဖြစ်ပေါ်လာမယ်ဆိုတာ ကြေညာနေတယ်။ အခုပဲ ရန်ကုန်မှာတောင် အေးလာပါပြီ။ အညာဒေသ သာစည်၊ လှိုင်းတက်ဘက်မှာဆိုလည်း ည ၉ နာရီမှာ ညအပူချိန်က ၂၃ ဒီဂရီပဲရှိတော့တယ်။ ဆောင်းအဝင်စောတယ်ပဲ ပြောရမယ်။ အအေးပိုတဲ့သဘောပေါ့။ လာနီညာဆိုရင်တော့ ရာသီဥတုက အေးမယ်။ အချိန်မဟုတ် ဆောင်းမိုးတွေရွာလိမ့်မယ်။ မြန်မာနိုင်ငံအတွက်ဆို နောက်မိုးကောင်းပြီး ဆောင်းတွင်းပါမိုးရွာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဌ ဦးမြင့်မော်က ပြောသည်။

    လာနီညာရာသီဥတု ဖြစ်ပေါ်လာပါက အေးပြီး စိုစွတ်ခြင်း၊ ဆောင်းရာသီအတွင်း အအေးဓာတ် ပိုမိုလွန်ကဲတတ်ခြင်းများ  ပေါ်ပေါက်လေ့ရှိသည်။

သီတင်းကျွတ်လမှာ မိုးမကုန်သေးရင် သရက်စိုက်ပျိုးသူတွေအနေနဲ့ ပြဿနာနည်းနည်းရှိနိုင်တယ်။ သရက်ပင်တွေအဖူးမဝင်တော့ဘဲ အညွန့်ထွက်သွားတဲ့ပြဿနာပေါ့။ ဒီ KNO3 (13:0:46) ဆိုတာက သရက်သမားတိုင်းသုံးလေ့ရှိတဲ့ ရွက်ဖျန်းအားဆေးတစ်မျိုးပါ။ အရွက်နုတွေ အမြန်ရင့်စေဖို့နဲ့ သရက်ပင်အဖူးထွက်စေဖို့ အသီးအရည်အသွေးနဲ့ အရသာကောင်းစေဖို့ရည်ရွယ်ပြီး သရက်ပင်တွေအတွက် သုံးစွဲတတ်ကြပါတယ်။

ဟု ၎င်းက ဆိုသည်။

    လာနီညာရာသီဥတုဖြစ်လာပြီး အအေးဓာတ်ပိုမိုလာပါက အပူပိုင်းဒေသရှိသရက်ခြံများ သရက်ဖူး၊ သရက်ပန်းပွင့်ခြင်းများ အောင်မြင်နိုင်ပြီး၊ အအေးပိုင်းဒေသရှိသရက်ခြံများအနေဖြင့် ပန်းပွင့်ချိန်နှင့် ရာသီဥတုအအေးပိုချိန် ကြုံကြိုက်နိုင်သဖြင့် ထွက်နှုန်းမထိခိုက်စေရန် ကြိုတင်ပြင်ဆင်သင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်