စိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်မပျက်သည့် ကြက်မောက်ပင်ကို တစ်နိုင်တပိုင် စိုက်ပျိုးသင့်ကြောင်း မွန်ပြည်နယ်မှ တောင်သူများကဆိုသည်။
ကြက်မောက်ပင်ကို ၁၉၉၀ ခုနှစ်က တပိုင်တစ်နိုင် မိသားစုဝင်ငွေရအောင် စတင်စိုက်ပျိုးခဲ့တာပါ။ ရန်ကုန်မြို့ကို တင်ပို့ရောင်းချပါတယ်။ စျေးကွက်တင်ပို့ရောင်းချရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတော့ မရှိပါဘူး။ မကြုံတွေ့ဖူးပါဘူး။
ဟု မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းရွာမှ ကြက်မောက်ပင် စီးပွားဖြစ်စိုက်ပျိုးသူ ဦးတင်နိုင်စိုးကပြောသည်။
ကြက်မောက်ပင် စိုက်ပျိုးရာတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ အထူးအထွေမသုံးစွဲရဘဲ ကိုင်းဆက်မျိုးတစ်ပင်လျှင် ၃၅၀၀ ကျပ်၊ ရိုးရိုးမျိုးတစ်ပင်လျှင် ၃၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးနိုင်ပြီး၊ စိုက်ပျိုးသည့် ပထမနှစ်အတွက် တစ်ဧကကုန်ကျစရိတ် ပျမ်းမျှ ၂ သိန်း ဝန်းကျင် ကုန်ကျကြောင်းသိရသည်။
ကြက်မောက်ပင် စိုက်ပျိုးရာမှာ မြေအောက်စမ်းပိုးတစ်မျိုးသာ တွေ့ဖူးပါတယ်။ မြေအောက်စမ်းပိုးဆိုတာ အပင်ရင်းမှာ အဖြူရောင်ကြက်မောင်ပင်စည်သားကို ထိုးဖောက် ကိုက်စားတဲ့ပိုးမျိုးပါ။ မိုးလယ်၊ မိုးကုန်ကာလမှာ တွေ့ရတတ်တယ်။ စိုက်ပျိုးရာမှာ အဓိကသတိထားရမှာကတော့ ပန်းပွင့်ချိန် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ နှင်းခါးရိုက်ခတ်တာကိုပါ။ ဧပြီလနဲ့ မေလတွေမှာတော့ ရေပြတ်လပ်မှုမရှိအောင် ဂရုစိုက်သင့်ပါတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်