အစေ့ထုတ်ပြောင်းထိုင်းနိုင်ငံတင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမည်

22/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို တရားဝင်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ် ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။

ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်း အကန့်အသတ်မရှိ တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဌဦးမင်းခိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံကို လအကန့်အသတ်မရှိ တင်ပို့နိုင်ရေးအတွက် အခုလာမယ့် (၃၀) ရက်နေ့မှာ တင်သွင်းခွင့်ရဖို့အတွက် MoU စာချုပ်ချုပ်တာပါ။ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက်လည်းသဘောတူညီမှုတွေ ညှိနှိုင်းဦးမယ်။ စာချုပ်ချုပ်ပြီးသွားရင်တော့ တင်သွင်းခွင့်ရမှာပါ။ ကုန်သည်အစုအဖွဲ့အသင်းကြီးကနေ တာဝန်ခံပြီးတော့ပြန်ဝယ်မှာ

ထိုင်းနိုင်ငံကို အစေ့ထုတ်ပြောင်းတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းနဲ့ ထိုင်းနိုင်ငံကုန်သည်အစုအဖွဲ့အသင်းကြီးတို့မှ သဘောတူစာချုပ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

အစေ့ထုတ်ပြောင်းကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို တင်ပို့နေတာဖြစ်ပြီး အခုလက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ ပေါ်လစီများကြောင့် တင်ပို့ခွင့်မရရှိသေးတာဖြစ်ကြောင်းလည်း  မြန်မာနိုင်ငံ ပြောင်လုပ်ငန်းအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်