မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နဲ့ Makro Myanmar တို့နားလည်မှု စာချွန်လွှာရေးထိုး

13/03/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နဲ့ Makro Myanmar တို့နားလည်မှု စာချွန်လွှာရေးထိုးပွဲကို မတ်လ(၁၀)ရက်နေ့ကပြုလုပ်ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော တောင်သူများ စျေးကွက်ပိုမိုရရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီး ဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောပါတယ်။

Makro Myanmar နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်များနဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာရေးအတွက် ရည်ရွယ်ပြီးလုပ်တာပါ

Makro Myanmar နဲ့ပူးပေါင်း၍ မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်များရောင်းချနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာရေးထိုးတာဖြစ်ပါတယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။

Makro Myanmar ကနေပြီးတော့ ကုန်တိုက်လာဆောက်မယ်။ အဲဒီမှာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် တွေရောင်းချသွားနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ပါ

ဒေသခံတောင်သူများရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ၊ အဖွဲ့အစည်းနှစ်ခုအကြား ရေရှည်အကျိုးကျေးဇူးဖြစ်ထွန်းလာစေရေးနဲ့ ပြည်တွင်းထွက်ကုန်များ ဖြန့်ဖြူးနိုင်ရေးတို့ကို ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းလည်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်