မြေအင်ဇိုင်း

25/09/2020 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     လူတွေမှာ အင်ဇိုင်းတွေ ရှိတယ်။ အဲ့လိုပဲ မြေတွေမှာလည်း အင်ဇိုင်းတွေရှိတယ်တဲ့။ လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်တဲ့ မြေကြီးပါပဲ။ 

မြေထဲက အင်ဇိုင်းတွေဆိုတာ ဘာလဲ 

     သူတို့က ကိုယ်တွေကို ကူညီတဲ့ သူတွေပါ။ မြေကြီးထဲကို သီးနှံအကြွင်းအကျန်တွေထည့်လိုက်တယ်ဆိုရင် သူတို့က ဆွေးမြေ့အောင်လုပ်ပေးပြီးတော့ အပင်တွေကို အာဟာရတွေ ပြန်ပြီးတော့ ထောက်ပံ့ပေးတယ်။ အဲ့ဒါဆို သူတို့ရှိနေရင် ကိုယ်ထည့်တဲ့ အော်ဂဲနစ် အကြွင်းအကျန်တွေက အလကားမဖြစ်တော့ဘူးပေါ့။  ဥပမာတစ်ခုပြောရရင်တော့  Glucosidase ဆိုတဲ့ မြေအင်ဇိုင်းက အပင်တွေမှာပါတဲ့ Glucoside ကို အပင်တွေစားနိုင်တဲ့ ဂလူးကိုစ် အဖြစ်ကို ပြောင်းလဲပေးပါတယ်။ သူတို့ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ သူတို့ကို နာမည်ပေးသလို သူတို့က ပြောင်းလဲပေးမယ်ဆိုပြီး ယူတဲ့ကုန်ကြမ်း (ဒီမှာဆိုရင်တော့ Glucoside ဖြစ်ပါတယ်) ကိုတော့ Substrate လို့ ခေါ်ပါတယ်။ ကုန်ကြမ်းကိုမှ အပင်တွေစားလို့ရတဲ့ အာဟာရကို ပြောင်းလဲပေးကြတာကို အင်ဇိုင်းတွေကလုပ်ပေးတာ ဖြစ်ပါတယ်။ 

ဘယ်နေရာတွေမှာ အဓိက တွေ့နိုင်သလဲ

     ဆိုတော့ကာ သူတို့ရဲ့ အရင်းအမြစ်တွေဆိုတာက အသက်ရှင်နေတဲ့ ဒါမှ မဟုတ် သေဆုံးနေတဲ့ အနုဇီဝသက်ရှိတွေ၊ အပင်အမြစ်တွေနဲ့ အပင်အကြွင်းအကျန်တွေနဲ့ မြေတွင်းထဲက ရှိတဲ့ တိရိစ္ဆာန်အကောင်လေးတွေပဲဖြစ်ကြပါတယ်။ 

ဘာကြောင့်အရေးကြီးတာလဲ

     အင်ဇိုင်းတွေ ရှိမရှိဆိုတာက မြေရဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အပင်တွေနားမှာရှိသားနဲ့ အပင်တွေက မရနိုင်တဲ့ အာဟာရဓာတ်တွေကို ပြောင်းလဲပေးနိုင်တယ်။ အဲ့လို အပင်ကနေ တိုက်ရိုက်မစားနိုင်တဲ့ အာဟာရဓာတ်တွေဆိုတာ အများကြီးပါပဲ။ အဲ့ဒါတွေကို အင်ဇိုင်းတွေကပဲ ချေဖျက်ပေးနိုင်ပါတယ်။ 

     အပင်တွေကို နိုက်ထရိုဂျင် ကို ပြောင်းလဲပေးနိုင်တဲ့ Amidase Urease အင်ဇိုင်း တွေ၊ ပိုတက်စီယမ်အဖြစ်ကိုပြောင်းလဲပေးနိုင်တဲ့ Phosohatase အင်ဇိုင်း၊ ဆာလဖာကိုပြောင်းလဲပေးနိုင်တဲ့ Sulfataseအင်ဇိုင်းတွေ၊ မြေတွင်းမှာရှိတဲ့ အနုဇီဝသက်ရှိတွေအတွက် စွမ်းအင်(ဂလူးကိုစ့်) ကို ထောက်ပံ့ပေးနိုင်တဲ့ Beta Glucosidase အင်ဇိုင်းတွေ၊ ကာဘွန်နဲ့ အခြားသော အာဟာရဓာတ်တွေ ကို အနုဇီဝသက်ရှိတွေကို ထောက်ပံ့ပေးနိုင်တဲ့ FDA Hydrolysis အင်ဇိုင်းတွေ စတဲ့ အင်ဇိုင်းတွေရှိနေရင် အပင်တွေအတွက်ရော မြေကြီးအတွက်ရော မြေကြီးထဲက အကောင်လေးတွေအတွက်ရော ကောင်းတယ်ဆိုတော့ သူတို့ကလည်း အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။ 

မရှိရင် ဘယ်လို ဖြစ်

     ရွှေဥ ဥ တဲ့ ငန်းကြီးကို သတ်လိုက်သလိုပေါ့။ အပင်တွေနဲ့ မြေထဲက အနုဇီဝသက်ရှိတွေ အတွက်တော့ အာဟာရတွေ ရှိလျက်နဲ့ မစားရတော့ပဲ ချို့တဲ့မှုကို ခံစားကြရမှာပါ။ အင်ဇိုင်းတွေက အားနည်းတာကြောင့်မို့ ချေဖျက်ရမဲ့ ဓာတ်ပေါင်းတွေကို မချေဖျက်နိုင်ပဲ မြေထဲမှာ စုပြုံနေတာကြောင့်မို့ ကြာရင် မြေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ 

ဘာလုပ်ပေးနိုင်မလဲ

     သီးလှည့်စိုက်မယ်၊ အော်ဂဲနစ် အဆွေးပစ္စည်းတွေထည့်ပေးမယ်၊ မြေဖုံးသီးနှံတွေစိုက်မယ်၊ စတဲ့ လုပ်ဆောင်မှုတွေက မြေကြီးထဲက အင်ဇိုင်းလှုပ်ရှားမှုတွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။ နောက်ထက်ကောင်းတာက နွားချေးလိုမျိုး တိရိစ္ဆာန်ထွက်ပစ္စည်းတွေထည့်ပေးတာမျိုး၊ မြေသားတည်ဆောက်မှုကို မပျက်စီးအောင် ထိန်းသိမ်းပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ မြေရဲ့ ချဉ်ငံကိန်းကို ပြောင်းလဲပြုပြင်တဲ့ နည်းလမ်း (ထုံးထည့်တာလိုမျိုး)ကလည်း အင်ဇိုင်းတွေရဲ့ လှုပ်ရှားမှုကို ပိုမိုအားကောင်းလာစေနိုင်ပါတယ်။ 

     မြေကြီးနဲ့ အတူတကွ ယှဉ်တွဲလုပ်ဆောင်ကြရင်းနဲ့ အောင်မြင်မှုများ ရရှိနိုင်ကြပါစေ....

ထွန်းဝင်းကျော်

 Reference 

http://soilquality.org/indicators/soil_enzymes.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်