သဘာဝနည်းကျ မြေဆီလွှာပြုပြင်ခြင်း

12/06/2018 15:11 PM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးယို ယွင်းမှုဟာ တောင်သူတွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်သက်ရောက်လျက်ရှိပါတယ်။ ရေကြီး ရေလျှံမှုကဲ့သို့ သဘာဝ ဘေးဒဏ်များက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပွားစေသလို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓါတ်မြေဩဇာများကို စနစ်တ ကျ မသုံးစွဲမှုကြောင့်လည်း မြေဆီလွှာပျက်ဆီးမှု ဖြစ်ပွားတတ်ပါတယ်။

အဏုဇီဝနည်းဖြင့် မြေဩဇာပြုလုပ်နည်း

သဘာဝမြေဩဇာ ပြုလုပ်ရာတွင် ကျင်း (သို့) ပလပ်စတစ် ရေလုံမိုးကာဖြင့် အခန်းဖွဲ့၍ ပြုလုပ်နိုင်ပါတယ်။ (အလျား ၁၀ ပေ x အနံ ၁၀ ပေ ကျင်း (သို့) ပလပ်စတစ်အိတ်  အခန်းဖွဲ့နိုင်ပါတယ်)

၁။ အောက်ခံအခင်းမှာ ကောက်ရိုး၊ ရိုပြတ်၊ ပဲမှော်(ပဲကြိတ်ဖတ်များ) ခင်းပါ။

၂။ ပဲမှော်နှင့် ရိုးပြတ်ပေါ်မှာ ဖွဲနုနှင့် ဂျစ်ပဆမ်(Gypsum) ဖြူးထည့်ပေးပါ။ အထူအပါးညီပါစေ။

၃။ ထို့နောက် နွားချေး(သစ်ရွက်စိမ်း) ၁ ပေ (သို့) ၆ လက်မ ထည့်သွင်းပါ။

၄။ နွားချေးပေါ်တွင် (ထုံး + ဂျစ်ပဆမ်(Gypsum) + ဖွဲနု) တို့အားထည့်ပါ။

၅။ ၎င်းတို့အပေါ်မှာ အမှိုက်ဆွေး/ ရိုးပြတ်၊ ပဲမှော် (ကြိတ်ဖတ်) တို့ကို ၁ပေ (သို့) ၆ လက်မထု ထည့်ပါ။

၆။ အဆင့်ဆင့်ဆောင်ရွက်ပြီးနောက် မြေဆွေးနဲ့ နွားချေးတို့ကို ရောနှော၍ ၁ပေ (သို့) ၆ လက်မထုဖြင့် ဖုံးအုပ်ပါ။

၇။ ထိုသို့ ပြုလုပ်စီမံပြီးသား မြေဆွေးပုံပေါ် ပလပ်စတစ်အနက်ဖြင့် လေလုံအောင် ဖုံးအုပ်ပေးရပါမယ်။ ပြုလုပ်ပြီးသား မြေဆွေးအား အသုံးမပြုမီ ၁၀ရက် ၁၅ရက်အလို ဖုံးအုပ်ထားသော ပလပ်စတစ်ကို ဖယ်ရှားကာ အထက်အောက် အပြန် အလှန်သမအောင် ရောနှောချိန်မှာ အဏုဇီဝဖျော်ရည်အား ပက်ဖျန်းကာ သမပေးရပါမယ်။ ဖယ်ရှားထားသော ပလပ်စ တစ်အား ပြန်လည်ဖုံးအုပ်ပေးကာ ပီနံအိတ်ထဲမှာထည့်သွင်းပြီး လေလုံအောင် စည်းနှောင်ခြင်းဖြင့် သဘာဝကျကျ မြေဩဇာကို ရရှိစေမှာဖြစ်ပါတယ်။

 မှတ်ချက် - ပြီးဆုံက ပလက်စတစ်လုံအောင် ဖုံးအုပ်ပါ။ အသုံးပြုသည့်ရက် (၇-၁၅) ရက်အလို အဏုဇီဝရည် ဖြစ်လာပြီး သုံးစွဲရန် ကျင်းပြုလုပ်ရာမှာ အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁၀ ပေ လုပ်နိုင်သလို အလျား ၆ ပေ x အနံ ၆ ပေ x အမြင့် ၆ ပေ ပြုလုပ်နိုင်ပါတယ်။

သီးနှံအရည်အသွေးတို့မြှင့်ဖို့အတွက် မြေဆီလွှာကို ပြုပြင်ပါ။ 

Source  - Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန

ပိုစတာရယူရန် - http://bit.ly/2LXtX0q

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်