အောက်တိုဘာ (၈) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု

08/10/2021 05:35 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕒 နေ့လည် ၂း၄၀ အချိန် ခန့်မှန်းချက်

အားလုံး မိုးသတိ 🌾🌧🌧🌧🌾

 Lionrock မုန်တိုင်းသည် ဗီယက်နမ်ကိုဝင်ရောက်ပြီးနောက် သူ့ရဲ့ 500hpa wind လေစီးကြောင်းသည်လာအို ထိုင်းတွေကိုကျော်ဖြတ်ကာ အောက်တိုဘာလ ၁၁ရက်နေ့ ၁၂ရက်နေ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ရိုးမအနီးရောက်ရှိစဥ် 850hpa winds အထိစိုက်ဆင်းလာကာ ရခိုင်ရိုးမအရှေဖက်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူးတိုင်းအနောက်ပိုင်း ဧရာဝတီတိုင်း အနောက်မြောက်ပိုင်း မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ဒေသတွေမှာမိုးကြီးနိုင်ပါတယ်။

🕐  နေ့လည် ၁၂း၅၀ အချိန် ခန့်မှန်းချက်

အထူးသတိပေးချက် 

မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးတွေရွာပါမယ်။ လျှပ်စီးမိုးကြိုး သံစုံတီးဝိုင်းကြီးတွေနဲ့ ရောင်စုံဆလိုက်မီးတွေပါဝင်ပါမယ်။

🕔 နံနက် ၁၁း၁၇ အချိန် ခန့်မှန်းချက်

ဘုတ်ပြင်း၊ မြိတ်၊ ကော့သောင်း မိုးကြီးမယ်။

🕔 နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်

နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဖြစ်နိုင်သေးပြီး အိန္ဒိယနိုင်ငံ ချန်းနိုင် ပွန်ဒီချယ်ရီ တမိနာဒု ဒေသတွေကိုဝင်ရောက်မိုးကြီးနိုင်ပါတယ် အဆိုပါမုန်တိုင်းတွေရဲ့ 850mbar လေစီးသည် ချင်းပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်းအထက်ပိုင်း ရှမ်းပြည်နယ်​မြောက်ပိုင်းနှင့် ကချင်ပြည်နယ် တွေကို သက်ရောက်ချိန်ဆိုရင်တော့  ၎င်းဒေသတွေမှာ ဆောင်းမိုးတွေအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်မြန်မာနိုင်ငံဒေသတွေမှာတော့ သာသာယာယာ ရှိချိန်များစွာရရှိကြမှာမို့ ဆောင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်းဖို့အခွင့်အခါကောင်းတစ်ခုဖြစ်လာစေပါမယ်

🕟 နံနက် ၄း၃၀ အချိန် ခန့်မှန်းချက်

၂၄နာရီအတွင်း နေပြည်တော် မန္တလေးတိုင်း မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းတွေမှာ လျှပ်မိုးကြိုးမိုးတွေရွာသွန်းနိုင်ပါတယ်

၂၄နာရီလုံးမြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေကို စောင့်ကြည့်ထောက်လှမ်းခန့်မှန်းပေးနေပါတယ်။ 

Northeast Monsoon(ဆောင်းလေညှင်း)ကချင်ပြည်နယ်တွင် ၂၀၂၁ အောက်တိုဘာလ ၁၀ရက်နေ့တွင် မုတ်သုန်လေစတင်ဆုတ်ခွာလာနိုင်ပြီး အောက်တိုဘာလ ၁၇ရက်နေ့တွင် high pressure 1021 mbar ကချင်ပြည်နယ်အထက်ပိုင်းကို စတင်ဝင်ရောက်လာမှာဖြစ်တဲ့အတွက်  ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ cold season ဆောင်းရာသီသို့ ကူးပြောင်းတော့မည့်ကာလဖြစ်ပါတယ်

 𝙎𝙐 𝙎𝙐 𝙎𝘼𝙉

𝙎𝙀𝙉𝙄𝙊𝙍

𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်