ယခုလအတွင်း မြန်မာ့ငရုတ်သီး (အစို) ကို ထိုင်းနိုင်ငံကို စတင်တင်ပို့နေပြီဖြစ်ကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း မှသိရပါတယ်။
မြန်မာ့ငရုတ်သီး(အစို)ကို ဧပြီလအတွင်းမှစတင်ကာ ထိုင်းနိုင်ငံကိုတင်ပို့နေပြီး အခြားနိုင်ငံများကိုလည်း ဆက်လက်တင်ပို့သွားမှာဖြစ်ကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ အခုဒီလအတွင်းမှာ မြန်မာ့ငရုတ်သီး (အစို) ကို နယ်စပ်ကနေမှတစ်ဆင့် ထိုင်းကို စတင်တင်ပို့နေပြီ။ အခြားနိုင်ငံတွေကိုလည်း တင်ပို့ဖိုအတွက် စီစဉ်လုပ်ဆောင်နေတယ်။ ငရုတ်သီး (အစို) ကလည်း အခုဒီရက်ပိုင်းအတွင်းမှာ ဝယ်လိုအားကလည်း တအားလိုက်နေတယ်“
ထိုင်းနိုင်ငံကို အခုလအတွင်းစတင်တင်ပို့ခဲ့ရာ တန်ချိန် (၃၀) ဝန်းကျင် တင်ပို့နိုင်ပြီဖြစ်ကြောင်းအဆိုပါ အသင်းမှသိရပါတယ်။
မြန်မာ့ငရုတ်ကို ကျောက်ဆည် နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း အများဆုံးစိုက်ပျိုးကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှသိရပါတယ်။
တိုးတိုးခိုင် (ABN)
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ