မြန်မာ့ငရုတ် ဗီယက်နမ်ကို စတင်တင်ပို့သွားမည်

18/07/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလအတွင်း မြန်မာ့ငရုတ်ကို ဗီယက်နမ်ကို စတင်တင်ပို့သွားမှာဖြစ်ကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်ကို တောင်သူများထံမှ လက်ရှိပေါက်ဈေးနှုန်းထားအတိုင်း ဝယ်ယူကာ အခုလအတွင်း တင်ပို့သွားမှာဖြစ်တယ်လို့ ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော် ကပြောပါတယ်။

“ဒီလထဲမှာပဲ တောင်သူတွေဆီက ငရုတ်တွေကိုဝယ်ယူပြီး ဗီယက်နမ်ကို တင်ပို့သွားမှာပါ။တောင်သူတွေထံကနေ အခုလက်ရှိ ပေါက်ဈေးနှုန်းအတိုင်းဝယ်ပြီး ရှေ့တစ်ပတ်ထဲမှာပဲ တင်ပို့သွားမယ်။ ကွန်တိန်နာ(၆)စီးလောက် တင်ပို့သွားဖို့ စီစဉ်လုပ်ဆောင်ထားပါတယ်”

မြန်မာ့ငရုတ်ကို တရုတ်၊ ထိုင်းနိုင်ငံတို့ကို တင်ပို့နေတာဖြစ်ပြီး အခုလအတွင်း ဗီယက်နမ်နိုင်ငံကို စတင်တင်ပို့သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတို့မှာ ငရုတ်ကို အများဆုံးစိုက်ပျိုးကြောင်း ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်