မြေပဲ ပင်စည်နှင့် သီးတောင့်ပုတ် ရောဂါ

11/01/2018 11:14 AM တွင် Dr. Khin Hnin Yu Dr. Khin Hnin Yu မှ ရေးသား

ရောဂါလကၡဏာ

မြေပြင်၏အောက် နားလေး ကပ်နေသောမြေပဲ ပင်စည်ပေါ်တွင် အညိုရင့်ရောင် အနာပြောက်များ စတင်ဖြစ်ပေါ်လာပြီး တဖြေးဖြေး ပင်စည် အပေါ်ပိုင်းသို့ ပျံ့နှံ့ သွားသည်။ အပင်ခြေတစ်ခုလုံး ရှုံ့တွန့်ပြီး အညိုရောင်ပြောင်း သွားသည်။ ရက်အနည်းငယ် ကြာသော်ရောဂါဝင်နေသော အကိုင်းတစ်ခုချင်း စတင် ညှိုးလာသည်။ ထို့နောက် တဖြေးဖြေး တစ်ပင်လုံး ညှိုးသေသွားသည်။ပင်စည် အခြေတွင်ဝါဂွမ်းကဲ့သို့ ဖြူဖွေးနေသော မှိုမျှင် များပေါက်နေပြီးမြေကြီးပေါ်တွင်လည်း မှိုမျှင်များ ပျံ့နှံ့ ယှက်ဖြာနေသည် ကိုတွေ့ရသည်။ ရာသီဥတု ပူနွေး စွတ်စိုပါက မှိုမျှင်များ တစ်ပင်မှ တစ်ပင်သို့ကူးယှက် သွားသည်။ ဖြူဖွေးသော မှိုမျှင်များပေါ်တွင်ဆေးစေ့မှ မုံညင်းစေ့အရွယ်ရှိမှို၏ နားနေ အင်္ဂါဖြစ်သော စကယ်လ်ရိုရှမ် များပေါက်နေသည် ကိုတွေ့ရသည်။ ၎င်းတို့သည် နုစဉ်တွင် ဖြူဖွေးနေသော်လည်း ရင့်လာသောအခါ အညိုရောင်သို့ပြောင်းသွားပြီး မာကြော လာသည်။ ရောဂါကျနေသော အပင်မှမြေကြီးထဲရှိ သီးတောင့်များလည်း ပုတ်ဆွေး သွားသည်။

ရောဂါဖြစ်စေသောမှို

ဤရောဂါသည်Sclerotiumrolfsii မှို၏ တိုက်ခိုက်မှုကြောင့်ဖြစ်ပွားခြင်း ဖြစ်သည်။ ဤမှိုသည် မျိုးပွား အဆင့်မပြည့်စုံသော မှိုဖြစ်ပြီး စပိုးများ ထုတ်လုပ်ခြင်း မရှိပေ။ စကယ်လ်ရိုရှမ် ဟုခေါ်သော နားနေ အင်္ဂါများသာ ဖြစ်ပေါ်ပြီး ရာသီ ကုန်ဆုံးချိန်တွင် ၎င်းမြေကြီးထဲတွင် ခိုအောင်း အသက်ရှင်နေထိုင်ပြီးနောင် နှစ်စိုက်ပျိုး ရာသီတွင် မျိုးညှောက်ပေါက်ကာ မှိုမျှင်များမှ အပင်ခြေပိုင်းကို ဆက်လက် တိုက်ခိုက်သည်။

ကာကွယ်နှိမ်နင်းခြင်း

  • ယခင်နှစ်က ဤရောဂါကျထားသော စိုက်ခင်းတွင်မြေပဲပြန် မစိုက်ပါနှင့်။ ဂျုံ၊ ပြောင်း၊ ပဲပုတ်တို့ဖြင့်သီးနှံ အလှည့်ကျစိုက်ပါ။
  •  ဤမှိုသည်သီးနှံပင် များစွာ (ဥပမာ-ခရမ်းချဉ်၊ ငရုပ်၊ ပဲမျိုးစုံ)ကို တိုက်ခိုက်နိုင်ပြီးမြေကြီးထဲတွင် ကာလ ကြာရှည်စွာ(နှစ်များစွာ) အသက်ရှင်နေနိုင် သဖြင့်ဤရောဂါ ကျရောက် ဖြစ်ပွား ထားသော အခြား သီးနှံများ၏ စိုက်ခင်း တွင်လည်းမြေပဲမ စိုက်သင့်ပါ။
  • မြေဖုံး ပစ္စည်းများ(ဥပမာ-ပြောင်းရိုး) ကိုအသုံးပြုပါ။ သို့သော် အပင်ကို ဒဏ်ရာ မရစေသင့်ပါ။
  • နိုက်တြိုဂျင်မြေသြဇာ ထည့်ပေးပါ။
  • ပေါင်းရှင်းရာတွင် လည်းအပင်ကို ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။
  • သီးနှံ သိမ်းပြီးလျှင်ပင်ကြွင်းပင်ကျန်များကို မီးရှို့ ဖျက်ဆီးပါ။
  •  မျိုးစေ့ကိုထရိုင်ခိုဒါးမားမှိုနှင့်လူးနယ်ပြီး စိုက်ပါ။
  • ကာဘင်ဒါဇင်း(သို့မဟုတ်) ကက်(ပ)တန် မှိုသတ်ဆေးကို မျိုးစေ့ဖြင့် လူးနယ်ပြီး စိုက်ပါ။
  •  ကွင်တိုဇင်း (Quintozene ဥပမာ Terrclor) နှင့်အက်ထရီဒိုင်ယာဇိုး (Etridiazole ဥပမာTerrazole) တို့ကိုရောစပ်ပြီး စွယ်ချချိန်တွင် ပင်ခြေကို ဖြန်းပေးလျှင် ဤရောဂါကို ကာကွယ် နှိမ်နင်းနိုင်သည်။

ဒေါက်တာ ခင်နှင်းယု

ကိုးကား- www.plantwise.org


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်