မုန်တိုင်းသတင်း

26/04/2019 13:39 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၆-၄-၂၀၁၉)ရက် နံနက်(၁၁း၄၆)နာရီ တွင်ထုတ်ပြန်သည်။

အိန္ဒိယသမုဒ္ဒရာ အီကွေတာရပ်ဝန်းဒေသနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ် နေပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ အိန္ဒိယ သမုဒ္ဒရာအီကွေတာရပ်ဝန်းအရှေ့ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းရဲ့ အလယ်ပိုင်းတွင် နောက်(၄၈) နာရီအတွင်း မုန်တိုင်းငယ်တစ်ခုအဖြစ်ကိုရောက်ရှိလာနိုင်ပါတယ်။

တဆက်တည်းလိုပဲ နောက်(၂၄)နာရီအတွင်းတွင် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယသမုဒ္ဒရာအီကွေတာ ရပ်ဝန်းရေပြင်ပေါ်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ အ နောက်မြောက်ဖက်သို့ဦးတည် ရွေ့လျားကာ (၃၀-၄-၂၀၁၉)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံအရှေ့ဖက်ကမ်းခြေနဲ့ အိန္ဒိယနိုင်ငံ Tamilnadu ကမ်းခြေတလျှောက် ဆက်လက် ရွေ့သွားနိုင်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်