အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြီး FANI

29/04/2019 17:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၉-၄-၂၀၁၉ ည နေ (၄ : ၄၇)နာရီ။

၂၀၁၉ နှစ်၊ ဧပြီလ(၂၉)ရက်နေ့ ည နေ(၃း၃၀)နာရီအချိန်တိုင်းတာချက်အရ  လွန်ခဲ့တဲ့(၆)နာရီအတွင်းက  ဆိုင်ကလုန်းမုန်တိုင်း FANI ဟာ တစ်နာရီ (10) ကီလိုမီတာ နှုန်းနဲ အနောက်မြောက် ယွန်းယွန်းကိုရွေ့လျှားလာ ခဲ့ပြီး၊ အိန္ဒိယနိုင်ငံ Chennai မြို့ရဲ့ အရှေ့တောင်ယွန်းယွန်း (၄၅၀) ကီလိုမီတာအကွာ ရေပြင်ပေါ်တွင် ဗဟိုပြုနေပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း Fani ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး (Severe Cyclonic Storm) အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။ 

မုန်တိုင်း၏အင်အားမှာ Dvorak Number T3.0( လေတိုက်နှုန်း 45 knots) ရှိနေပြီး၊ နောက် ၃၆-၄၈ နာရီအတွင်း တွင် မုန်တိုင်းဟာ မြောက် အရှေ့မြောက် ယွန်းယွန်းကို စတင်ရွေ့လျားမယ်လို့ခန့်မှန်းရပါတယ်။

နောက်(၉၆)နာရီအကြာမှာ လေတိုက်နှုန်း 110 knots ခန့်ရှိလာနိုင်ပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။

နောက် နာရီ(၁၂၀) အကြာမှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ်။

မှတ်ချက်။ မုန်တိုင်းကြီးဟာ အားအလွန်ကောင်းတဲ့အဆင့်ကို ရောက်ရှိလာနိုင်တဲ့အပြင် လတ္တီတွဒ်အားဖြင့်လည်း 10°N အောက်နိမ့်နေ သေးသောကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ်လုံးဝစိတ်ချရသောအခြေအနေ မဟုတ်သေးပါ။ ခန့်မှန်းချက်အတိုင်း ရွေ့လျားပါက မုန်တိုင်းအန္တရာယ် လုံးဝကင်းရှင်းနိုင်ပါတယ်။ သို့ရာတွင် အချိန်နဲ့အမျှ    အပြောင်းအလဲရှိနိုင်သော သဘာဝဖြစ်စဉ်ဖြစ်သဖြင့် မုန်တိုင်းသတင်းများကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ကြပါရန် နှိုးဆော်အပ်ပါတယ်။

ဒေါက်တာထွန်းလွင်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်