ပွင့်ဖြူဒေသမှ ဆူးပုပ်ပင်စိုက်တောင်သူများ ဝင်ငွေကောင်းနေကြ

22/01/2019 10:44 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မုန်းချောင်းကိုင်းမြေနုပေါ်တွင် ဒေးဒရဲ ကျေးရွာ၊ သာစည်ကျေးရွာ၊ သဲကုန်းကျေးရွာ နှင့် ညောင်ကုန်းကျေးရွာတို့မှ တောင်သူများ ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံစိုက်ပျိုး လျက်ရှိကြရာ ယခုအခါ ဆူးပုပ်ပင်မှ ဝင်ငွေ ကောင်းစွာရရှိနေသဖြင့် စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်သူများပြားလာကြသည်။

"ဆူးပုပ်ပင်စိုက်မယ်ဆို အစေ့တိုက်ရိုက် ချနည်းနဲ့ အပင်ပေါက်စိုက်နည်းဆိုပြီး နှစ်မျိုး ရှိတယ်။ ကျွန်တော်ကတော့ အစေ့တိုက်ရိုက် ချစိုက်တယ်။ အပင်စစိုက်လို့ တစ်နှစ်သား ဆိုရင် စပြီး ခူးဆွတ်ရောင်းချလို့ရတယ်။ ကိုယ် တိုင်စိုက်ပျိုးခဲ့တာကြောင့် အလုပ်သမားစရိတ် လည်း မရှိပါဘူး။ အခုလို ဆောင်းကာလဆို ဖောက်သည်ပေးရောင်းရတယ်။ ဖောက်သည် မှာယူတဲ့အပေါ်မူတည်ပြီး အညွန့်တွေ ကိုက် ဖြတ်ရောင်းရတယ်။ ကိုင်းမြေပတ်လည်ကို ဆူးပုပ်ပင်တွေနဲ့ စည်းရိုးလုပ်ထားတာဆိုတော့ အပိုဝင်ငွေရနေတယ်" ဟု ပွင့်ဖြူမြို့နယ်ဒေးဒ ရဲကျေးရွာနေဆူးပုပ်စိုက်တောင်သူ ဦးမောင် စန်းက ပြောဆိုသည်။

ဆောင်းပါး အပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်