လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု သီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ကြံသီးနှံ ပညာပေးရေးနှင့် နည်းပညာဖွံ့ဖြိုးရေး ဌာနခွဲမှ နေပြည်တော်ကောင်စီနယ်မြေနှင့် ကြံစိုက်ပျိုးရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် တစ်ဧကလျှင် တန် ၈၀ အထက် ထွက်ရှိနိုင်သည့် ကြံသီးနှံ တစ်ဆစ်ချင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ်အား တောင်သူများ လေ့လာစိုက်ပျိုးနိုင်ရန် အတွက် ပညာပေး စိုက်ပျိုးပြသလျက် ရှိပါသည်။ ကြံစိုက်ပျိုးနေကြသည့် တောင်သူများ၊ ကြံစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့် သကြားစက်ရုံပိုင်ရှင် ကုမ္ပဏီများ အနေဖြင့် ကြံသီးနှံ တစ်ဆစ်ချင်း ပျိုးထောင် စိုက်ပျိုးနည်းစနစ်အား သင်ယူစိုက်ပျိုးလိုပါက နေပြည်တောင်ကောင်စီနယ်မြေ ပညာပေးကြံစိုက်ကွင်းများတွင် စာတွေ့၊ လက်တွေ့ ရက်တို (၃) ရက် သင်တန်း (၂၁-၇-၂၀၁၅ ရက်မှ ၂၃-၇-၂၀၁၅ ရက်) အထိ အခမဲ့ နံနက်၊ နေ့လယ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ သင်တန်းစရိတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ဖော်ပြပါ လိပ်စာတွင် မေးမြန်းစုံစမ်း စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
ဆက်သွယ်ရန် လိပ်စာ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန
ကြံသီးနှံပညာပေးရေးနှင့် နည်းပညာဖွံ့ဖြိုးရေး ဌာနခွဲ
ရုံးအမှတ် ၅၀၊ နေပြည်တော်
ဖုန်း ၀၆၇ ၄၃၁ ၂၀၈၊ ၀၆၇ ၄၃၁ ၂၀၉
ကိုးကား - မြန်မာ့အလင်း သတင်းစာ
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ