ကြံရာသီမှာ သကြားပေါက်ဈေးအပေါ်လိုက်ပြီး ကြံကို ဈေးဖြတ်ဝယ်ယူမည်

02/10/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ကြံရာသီချိန်မှာ သကြားပေါက်ဈေးအပေါ်လိုက်ပြီး ကြံဈေးနှုန်းကို ဈေးဖြတ်ဝယ်ယူမှာဖြစ်ကြောင်း      သကြားနဲ့ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရတယ်။

'နေ့စဉ်ဈေးကွက်က သကြားတစ်ပိဿာ ၉၅၀ ကျပ်ဆိုရင် ကြံတစ်တန်ကို ကျပ် ၃၇,ဝဝဝ၊ သကြားတစ်ပိဿာ ကျပ် ၁ဝဝဝ    ဈေးဖြစ်ရင် ကြံတစ်တန်ကို ကျပ် ၃၉,ဝဝဝ၊ သကြားတစ်ပိဿာကျပ်၁၀၅၀ ဆိုရင် ကြံတစ်တန်ကို ကျပ်  ၄၀,ဝဝဝ၊    သကြားတစ်ပိဿာကျပ် ၁၂ဝဝဆိုရင် ကြံတစ်တန်ကျပ် ၄၃,ဝဝဝ၊ သကြားတစ်ပိဿာကျပ် ၁၃ဝဝ ဆိုရင်ကြံတစ်တန်ကိုကျပ် ၄၅,ဝဝဝ ဖြစ်တယ်၊ စက်ရုံ၊ နေရာဒေသနဲ့ ယှဉ်ပြိုင်မှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိတယ်”လို့သကြားနဲ့ကြံ ထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းဌေးက ပြောတယ်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်