ထုံး ကန့်ဆေးရည်

13/04/2018 16:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ထုံးကန့် ဆေးရည်သည် ဖျန်းစတွင် သုတ်သင်ဆေး အဖြစ် အစွမ်းရှိ၍ ဖျန်းပြီး အချိန်ကြာသော် ပြိုကွဲ၍ အငွေ့များ ထွက်လာသည်။ ၎င်းသည် ကာကွယ်ဆေးအဖြစ် အစွမ်းထက်သည်။
 
လိုအပ်သောပစ္စည်များ
 
  • မဖောက်ထုံး - ၁ ပိဿာ (ဖောက်ထုံး - ၁.၃၀ ပိဿာ)
  • ကန့်မှုန့် - ၂ ပိဿာ
  • ရေ - ၄ ဂါလန် (၁၀ ပိဿာ)
  • ထုံး၊ ကန့်နှင့် ရေအချိုးအစားသည် ၁:၂:၁၀ ရှိ၍ ၁-၂-၁၀ ထုံးကန့်ဆေးရည်ဟု ခေါ်ကြသည်။
 
ဖျော်စပ်နည်း
 
သောက်ရေအိုးဟောင်းကဲ့သို့သော မြေအိုးတစ်လုံးတွင် ရေ ၁၀ ပိဿာကို ထည့်၍ ဆူအောင် တည်ရသည်။ လောလောလတ်လတ် ဖောက်ပြီးသား မဖောက်ထုံးမှုန့် ၁ ပိဿာ သို့မဟုတ် စနစ်တကျ သိုလှောင်သိမ်းဆည်းထားသော ဖောက်ပြီးထုံးမှုန့် ၁ ပိဿာ ၃၀ ကျပ်သား တစ်မျိုးမျိုးကို ဆူပွက်နေသော ရေထဲသို့ ဖြည်းဖြည်းထည့်၍ မွှေပေးရသည်။ ကန့်မှုန့်နုနု ၂ ပိဿာကို ဆူပွက်နေသော ထုံးရည်ထဲသို့ ထပ်မံထည့်ပြီး မွှေရသည်။ ထုံးနှင့် ကန့်အားလုံး ပြိုကွဲသွားသည်အထိ မွှေပေးရသည်။ ထိုသို့ ထုံးနှင့် ကန့်အားလုံး ပြိုကွဲအောင် မွှေပေးနေရသည့်အချိန်မှာ ၄၅ မိနစ် ၁ နာရီထိ ကြာသည်။ ၁ နာရီထက်ပို၍ မကြာစေရပါ။ ဆေးအာနိသင် လျော့နည်းသွားတတ်သည်။ ဆူပွက်နေစဉ် ရေမျက်နှာပြင်လျော့နည်းသွားတတ်၍ မူလ ရေမျက်နှာပြင်ထိ ရေပမာဏ ရှိနေစေရန် ရေကို နည်းနည်းခြင်း ထပ်ထပ်ထည့်ပြီး မွှေပေးရသည်။ သတ်မှတ်ချိန်စေ့သောအခါ အအေးခံပြီး ပိတ်ကျဲစဖြင့် စစ်ယူရသည်။ သင့်တော်ရာ အိုးတစ်လုံးထဲတွင် ထည့်၍ အပေါ်ယံမှ ရေနံဆီလောင်းထည့်ပေးကာ လေလုံအောင် သိမ်းဆည်းထားရသည်။ ထုံးကန့်ဆေးရည်သည် လေနှင့်တွေ့ထိပါက ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ဖြစ်ပြီး အငွေ့ပျံတတ်သည်။ ထို့ကြောင့် လေလုံအောင် သိမ်းဆည်းရသည်။ 
 
ဤထုံးကန့်ဆေးရည် ၁ ဆ ကို ရေ ၉၉ ဆမှ ၁၈၀ ဆခန့်ထိ ရောပြီး ပက်ဖျန်းနိုင်ပါသည်။
 
ကာကွယ်နိုင်သည့်ဖျက်ပိုးများ
 
ပျ၊ ဒက်ပိုး၊ အကြေးပိုး၊ မွှားပင့်ကူနီတို့အပြင် အချို့သော ရောဂါများကိုလည်း ကာကွယ်နိုင်ပါသည်။
 
ကာကွယ်နိုင်သည့် ရောဂါ
 
- ဖားဉမှိုရောဂါများ (သီးနှံစုံ)(ဗူး၊  ဖရုံ၊ သခွား မပါ။)
 
- မှည့်ပျောက်စွန်းရောဂါများ
 
- ကြက်သွန်တောက်တဲ့မီးရောဂါ
 
- ပန်းသီးကြေးဖတ်နှင့် အညိုပုတ်ရောဂါ။
 
မှတ်ချက်
 
- ဆေးများလျှင် အပင်လောင်နိုင်ပါသည်။
 
- ဗူး၊ ဖရုံ၊ သခွားပင်များအား မဖျန်းရ။
 
- အလွန်အေးသော ရာသီနှင့် ၉၀ ဒီဂရီဖာရင်ဟိုက်ထက်ပူသော ရာသီတွင် မဖျန်းရ။
 
 Source - သြဂဲနစ် စိုက်ပျိုးရေးနည်းပညာများ (ပါမောက္ခ ဒေါက်တာမြင့်လွင်)

East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်