ပူတော့မယ့် နွေရာသီကာလအတွက် သိမှတ် ဖွယ်ရာများ

11/03/2019 15:18 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပူတော့မယ့် နွေရာသီကာလအတွက် သိမှတ် ဖွယ်ရာများ
အပူကြောင့်ဖြစ်ပေါ်တတ်သောရောဂါဝေဒနာများ

နိဒါန်း

လူများစွာတို့အတွက်နွေရာသီကာလဆိုတာကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များတပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက ပင်နေပူထဲအထွက်များတဲ့ ကာလဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထီတွေ့မှုများတဲ့ကာလ၊ အအေးဓါတ်သင့်တင့်အောင်မရှိတဲ့ ပတ်ဝန်းကျင မှာအနေများတဲ့ကာလဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အခါ လူအတော် များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြရပါတော့တယ်။

အပူဒဏ်ခံရမှုအပေါ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု
နေပူထဲတွင်အလုပ်လုပ်ကြရသူများ၊ သွားလာနေထိုင်ကြသူများအနေနဲ့ အပူဒဏ်ခံစားရမှု အနည်း အများဟာ သဘာဝရေးရာ အခြေအနေ(၄)မျိုးအပေါ်မှာမူတည်နေပါတယ်။ အဲဒါတွေကတော့ (၁) အပူချိန်၊ (၂)ရေငွေ့၊ (၃)အပူရှိန် နဲ့ လေတိုက်နှုန်း တို့ဖြစ်ကြပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိ သူများ၊ water pills ဆောင်ထားရသူများအနေနဲ့ အပူဒဏ်ခံစားရမှုဟာ ပိုမိုဆိုးဝါးတတ်ပါတယ်။

အမှန်တော့ လူ့ရဲ့ခန္ဓာကိုယ်ဟာ ပြင်ပအပူဒဏ်ကိုခုခံကာကွယ်ဖို့ (၃)မျိုးသုံးစား ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဒါတွေကတော့ အသက်ရှူခြင်း၊ ချွေးထွက်ခြင်း နဲ့ သွေးလည်ပတ်မှုကိုပြောင်းလဲပေးခြင်း တို့ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် ပြင်ပအပူရှိန်မြင့် တက်လာပါက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေ ဟာ မြန်ဆန်လာတတ်ကြပါတယ်။ ယင်းမှတစ်ဆင့် အရေပြား အပူချိန်တွေကိုတိုးမြှင့်လာစေပြီး ခန္ဓာကိုယ်တွင်းမှ ပိုလာတဲ့ အပူတွေကို ပြင်ပသို့စွန့်ထုတ်ပေးစေပါတယ်။ အလုပ်များ ပင်ပင်ပန်းပန်း လုပ်ကြရတဲ့အခါ ခန္ဓာကိုယ်ရှိကြွက်သားများဟာ သွေးစီးဆင်းမှုပိုမိုလိုအပ်လာပါတယ်။ အဲဒီအချိန်မှာ ခန္ဓာမှ လွှတ်ပေးနေတဲ့ အရေပြားရဲ့သွေးစီးဆင်းမှုအတွက်လိုအပ်တဲ့သွေးပမာဏကိုလျော့ကျစေပြီး ခန္ဓာကိုယ်မှအပူများအပြင်ကို စွန့်ထုတ်စေပါတယ်။

ချွေးထွက်ခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့အပူချိန်များကိုကျဆေင်းစေပြီးအအေးဓါတ်ကိုရစေပါတယ်။ ဒါဟာလည်း ပြင်ပလေထုစိုထိုင်းဆတွေဟာ လျော့နည်းနေပြီး ထွက်လာတဲ့ချွေးတွေကို အငွေ့ပျံ စေနှိုင်မှသာဖြစ်နိုင်ပြီး၊ အဲဒီချွေးတွေ အငွေ့ပျံသွားလို့ လျော့နည်းကျသွားတဲ့ ဆားဓါတ်နဲ့ ရေဓါတ်တွေကိုပြန်လည်အစားထိုးဖြည်ဆည်းပေးနိုင်မှသာ ဖြစ်နိုင်ပါတယ်။

(၁) အပူဒဏ်ဖိစီးခံရမှု(Heat Stress) လူရဲ့ခန္ဓာကိုယ်အပူချိန်ဟာ မြင့်မားပါက အပူဒဏ်ဖိစီးခံရမှု(Heat stress)ကို ခံစားကြရပါတယ်။ အပူဒဏ်ဖိစီးခံရတဲ့သူတစ်ဦးဟာ အပူနဲ့ပတ်သက်တဲ့ဝေဒနာမျိုးစုံးကိုကြုံတွေ့ရတတ်ပါတယ်။ heat exhaustion, heat stroke, heat cramps, fainting, heat rash စတာတွေဖြစ်ကြပါတယ်။ အမှန်မှာတော့ လူအများစုဟာ ဒီအပူနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ကွဲကွဲပြားပြားမသိကြပဲ ရောထွေးနေတတ်ကြပါတယ်။ အမှန်မှာတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။

အပူဆိုင်ရာပြဿနာတွေထဲမှာ အဆိုးဝါးဆုံးဝေဒနာတစ်ခုမဟုတ်သော်ငြားလည်း အဖြစ်အများဆုံး သော ဝေဒနာတစ်ခု ဖြစ်ပါတယ်။ ဒီဝေဒနာကို အလုပ်သမားတစ်ဦးဟာ ချွေးထွက်လွန်လာချိန်တွင် ရေအလုံအလောက်မသောက်ရပါက၊ ဒါမှာမဟုတ် ထွက်းသွားတဲ့ချွေးများအတွက် ဆားဓါတ် အလုံအလောက်ပြန်လည်မရရှိပါကဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် သက်ဆိုင်ရာ လူနာဟာ အားဖျော့လာခြင်း၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာခြင်း၊ ချွေးများဖြင့် စိုရွှဲလာခြင်း စတာတွေဖြစ်တတ်ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာများ။ ချွေးထွက်လွန်ခြင်း၊ မောပန်းနွမ်းနယ်၍အားနည်းလာခြင်း၊ ကိုယ်အပူချိန်အနည်းငယ် မြင့်တက်လာခြင်း၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာပြီးသွေးဆုတ်လာခြင်း။

ရှေးဦးသူနာပြု ဆောင်ရွက်သင့်သောအရာများ။ (က)အေးသောနေရာတွင်တားနေပါ။ (ခ)အားကစားသမားများသုံးဆောင်သော အားဖြည့် အချိုရည် တစ်မျိုးမျိုး ကိုသောက်သုံးပါ။ (ဂ)အကယ်၍ အော့အန်ခြင်း၊ အစားအရည်သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူလျော်ဖြစ်လာပါက ဆရာဝန်ဆေးခန်းနဲ့ အမြန်ဆုံးပြသပြီးကုသမှုခံယူပါ။

(၂) Heat stroke
အပူကြောင့်ဖြစ်ပေါ်သောဝေဒနာများတွင် အဆိုးဝါးအပြင်းထန်ဆုံးဝေဒနာဖြစ်ပြီး၊ နေပူထဲတွင်အချိန်ကြာမြင့်စွာ အလုပ်လုပ်နေသောအလုပ်သမားများတွင်အများဆုံးဖြစ်ပေါ်လေ့ရှိသော်လည်း အဖြစ်များလေ့မရှိပါ။ လူရဲ့ခန္ဓာကိုယ်က ပင်မအပူချိန်တွင်ထိန်းထားနိုင်ရန် သွေးလည်ပတ်မှုမပြုနိုင်တဲ့ အခါမှာ ဖြစ်လေ့ရှိတဲ့ဝေဒနာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ လူ့ခန္ဓာကိုယ်ဟာချွေးမထွက်နိုင်တော့တဲ့ တွက်ခန္ဓာကိုယ်မှာပိုလျှံနေတဲ့ အပူတွေကိုမစွန့်ထုတ်နိုင်တဲ့အတွက် ရရှိလာတဲ့ဝေဒနာဖြစ်ပါတယ်။ မှန်ကန်တဲ့ကုသမှုကိုအမြန်ဆုံးမရရှိနှိုင်ပါက အသက်သေဆုံးရလေ့ရှိပါတယ်။

ရောဂါလက္ခဏာများ စိတ်ဂယောင်ခြောက်ချားဖြစ်ခြင်း၊ သွေးဆုတ်ခြင်း၊ delirium, seizures ခန္ဓာကိုယ် အပူချိန်106ºFထက် ကျော်လွန်နေခြင်း၊ ကိုယ်ပူခြင်း၊ အသားအရခြောက်ခမ်းခြင်း၊ အသားများ နီရဲခြင်း၊ အသားများပြာနှမ်းလာခြင်း၊

ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။

အရေးပေါ်သူနာပြုကားကိုခေါ်ဆိုပါ။လူနာအားအေးသောနေရာတစ်ခုသို့ပြောင်းရွှေ့ထားပါ။ အအေးဆွတ်ထားသော ရေဝတ်တိုက်ပေးခြင်းအားဖြင့်လူနားအားစိုစွတ်နေပါစေ။ လူနားအား လေအေးစက်၊ ပန်ကာလေဖြင့် အပူချိန်ကျအောင် ဆောင်ရွက်ပေးပါ။

(၃) Heat cramps
ကြွက်သားများမခံမရပ်နိုငအောင်နာကျင်မှုကိုခံစားရတဲ့ဝေဒနာဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ အလုပ်သမားများဟာ အလွန်မောပန်းလို့ချွေးထွက်လွန်လာသော အခါရေကို အများအပြားသောက်သော်လည်း ထွက်သွားတဲ့ချွေးများရဲ့နေရာကို ဆားဓါတ်မဖြည့်ဆည်း ပေးတဲ့အတွက်ဖြစ်ရတဲ့ဝေဒနာဖြစ်ပါတယ်။ အလုပ်လုပ်ရာတွင်အသုံးများသော ခန္ဓာကိုယ်ရဲ့ ကြွက်သားများဟာ cramps အများဆုံး ခံစားကြရပါတယ်။

ရောဂါလက္ခဏာများ
ကြွက်သားများ cramps or spasms ဖြစ်ခြင်း။ အလုပ်လုပ်နေစဉ်အတွင်း (သို့မဟုတ်) အလုပ်လုပ်ပြီးမှ ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။

ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အားကစားသမားများအသုံးပြုသော အားဖြည့်အချိုရည်တစ်ခုခုကိုသောက်သုံးပါ၊ မသက်သာပါက ကျန်းမာရေး ဦးစီးဌာန/ဆေးရုံ/သူနာပြုကားတို့ကိုအကြောင်းကြားပါ။

(၄) သွေးဆုတ်ယုတ်ခြင်း။
နေပူထဲတွင်အလုပ်လုပ်လေ့မရှိသူများ နေပူအတွင်းအလုပ်လုပ်မိသောအခါ(သိူ့မဟုတ်) နေပူထဲတွင် ကြီးကြပ်ရေး အလုပ်လုပ်မိသော အခါဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ အများအားဖြင့် နေပူအတွင်း အချိန်ကြာမြင့်စွာ ရပ်တန့်နေခြင်းထက် တစ်နေရာမှတစ်နေရာရွှေ့ပြောင်း လျှောက်သွားနေခြင်းက များသောအားဖြင့် သွေးဆုတ်ယုတ်မှု ဖြစ်ပေါ်စေမှုကို လျော့ကျစေတတ်ပါတယ်။

ရေဂါလက္ခဏာများ။
ခေတ္တခဏမျှ သတိလစ်သွားတတ်ခြင်း၊ ခန္ဓာကိုယ်တွင်သာမာန်အပူချိန်မျှသာရှိနေသော်လည်းချွေးထွက်များနေတတ်ခြင်း။ Heat stroke, heat exhaustation ဝေဒနာလက္ခဏာများမတွေ့ရတတ်ခြင်း၊

ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အေးသောနေရာတစ်ခုခုတွင် လဲလျောင်းနေပါ။ အချိန်အတန်ကြာသည်အထိလဲလျောင်းနေသော်လည်းသက်သာမှုမရှိပါက ဆးကုသမှုခံယူပါ။

(၅) Heat rash
rash ကို Pricky heat ဟုလည်းခေါ်ဝေါ်ကြပါတယ်။ လေထုသည် ပူအိုက်စွတ်စိုနေသောအခါ အလုပ်လုပ်နေသူတစ်ဦးဟာ ချွေးများထွက်လာတဲ့အခါ အလွယ်တကးအငွေ့ မပျံနိုင်တဲ့အတွက် ကြောင့်ဖြစ်ပေါ်ရတဲ့ဝေဒနာဖြစ်ပါတယ်။အဆိုပါ rash ဧရိယာဟာ ကြိးမား ကျယ်ပြန့်လာပါက အလွန်အခံရခက်စေတဲ့ဝေဒနာကိုခံစားကြရပါတယ်။ အေးတဲ့နေရာတစ်ခုမှာနေပြီး အရေပြားကို ခြောက်သွေ့အောင်လုပ်ပေးခြင်းအားဖြင့် Heat rash ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ကြ ပါတယ်။

ရောဂါသွင်ပြင်လက္ခဏာများ။ အရေပြားအပေါ်တွင် အနီရောင်/ပန်းနု ရောင် အစက်အပြောက်များပေါ်လာခြင်း၊ အဆိုပါ အစက်အပြောက်များမှ အခံရခက်လာခြင်း၊ အရေပြားများယားယံလာခြင်း၊

ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အသားအရေကိုသန့်ရှင်းခြောက်သွေ့အောင်ထားပါ။
ပွသာအဝတ်အစားများဝတ်ဆင်ပါ။
ရေအေးဖြင့်ရေချိုးခြင်း၊ လေအေးပေးစက်ဖြင့်နေထိုင်ခြင်းတို့ဟာ ဝေဒနာသက်သာမှုကို များစွာအထောက်အကူပြုပါတယ်။
သင့်လျော်သောအသားအရေစိုပြေစေသောလိမ်းဆေးများကိုအသုံးပြုပါ။

နိဂုံး။
အပူနဲ့ပတ်သက်လို့သတိပြုဖွယ်ရာများကိုဖေါ်ပြပေးခြင်းသာဖြစ်ပါတယ်။ အသက်ကိုဉာဏ်စောင့် ဆိုသောစကားကို သတိထားကြပြီး အပူဒဏ်ပြင်းနေသောကာလတွင်အပူကြောင့် ဖြစ်တတ်သော ရောဂါဝေဒနာများမှ ကင်းလွတ်နိုင်ကြပါစေလို့ မြန်မာနှစ်သစ်မင်္ဂလာ အကြိုဆုတော င်းအဖြစ်ဆု တောင်းမေတ္တာ ပို့သအပ်ပါတယ်။

မှတ်ချက်. ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို သေချာစွာလေ့လာသင့်ပါတယ်။

မောင်ထွန်းလွင် (မိုးဇလ)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်