တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခု အကောင်အထည်ဖော်နိင်ရန် လွှတ်တော်တွင် အဆိုတင်၍ စတင်ဆွေးနွေး

07/06/2018 10:08 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

တောင်သူများအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍတစ်ခုကို အကောင်အထည်ဖော်ခြင်းအပြင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာရေးအတွက် စားနပ်ရိက္ခာဖူလုံရေး လုံခြုံမှုဆိုင်ရာ ကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ GAP နည်းစနစ်ဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုး ထုတ်လုပ်နိင်ရေး ဆောင်ရွက်ပေးပါရန် အဆိုအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှဆန်းက အမျိုးသားလွှတ်တော်တို့ တင်သွင်းခဲ့ရာ  အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးကြောင်း သိရသည်။

မေ ၁၆ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်  အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်လုံးရှိ  နိုင်ငံသူ၊ နိုင်ငံသားများ ဘေးကင်းလုံခြုံသော စားနပ်ရိက္ခာများ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်နေ တောင်သူလယ်သမားများအား ပြည်ထောင်စုအစိုးရမှ အသိပညာ၊ နည်းပညာများ၊ အထောက်အပံ့ အကူအညီပေးပြီး GAP နည်းစနစ်များဖြင့် တစ်နိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးပါရန် အဆိုတင်သွင်းခဲ့သည်။ 

ဦးလှဆန်းက တောင်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း၊ တောင်သူများနှင့် ဌာနဆိုင်ရာများအကြား ကောင်းမွန်ပွင့်လင်းသော ဆက်ဆံမှုများနှင့် လုပ်ငန်းများကို တိုးတက်စေခြင်း အပါအဝင် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ စျေးကွက်တို့ ဟန်ချက်ညီညီ တိုးတက်စေခြင်းမှ တစ်ဆင့် ပိုမိုကောင်းမွန်သော မူဝါဒများ၊ လုပ်ငန်း အစီအစဉ်များကို ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ပူးပေါင်းချမှတ် လာနိင်စေရန် ဦးတည်ဆောင်ရွက်ရန်လည်း ရည်ရွယ်ပါကြောင်း၊

ထို့ပြင် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ထွက်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် စျေးကွက်ဝင် အရည်အသွေး ရရှိရန်အတွက် ချိန်ညှိထုတ်လုပ်င်နိုင်ရေး၊ အသိပညာဗဟုသုတများကို အချိန်နှင့် တပြေးညီဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်သင့်ပြီး နိုင်ငံတကာစျေးကွက်များသို့ ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံတောအစိုးရမှ ဆောင်ရွက်နိုင်သည့် ကိစ္စများကို ထိုးဖောက်ဆောင်ရွက်ပူးပေါင်းနိုင်ရေးအတွက် စီမံလုပ်ဆောင်သင့်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ ရေမြေအစရှိသည့် အရင်းအမြစ်များနှင့် ၇၀ ရာခိုင်းနှုန်းသော စိုက်ပျိုး၊မွေးမြူရေး လုပ်ကိုင်သူ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ စီမံအသုံးချသင့်ပါကြောင်း၊

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအစီအစဉ်အရ လယ်ယာစိုက်ပျိုးကဏ္ဍ၏ ဖွံ့ဖြိုးမှုအစီအစဉ်သည် မျက်မှောက် ကာလအတွက်  ကမ္ဘာ့နိုင်ငံအများစု၏ လိုးလားချက်ဖြစ်သော နည်းပညာ အခြေခံ ဖွံ့ဖြိုးမှုကိုလည်း ရယူမည်ဖြစ်ပြကြောင်း စဉ်ဆက်မပြတ် ကျင့်သုံးခဲ့သည့်  ရိုးရာအခြေခံ နည်းစနစ်များကိုလည်း မပစ်ပယ်ဘဲ အကျိုးရှိရှိ  သိပ္ပံနည်းကျ နည်းပညာ အရင်းအမြစ်အဖြစ် ပြောင်းလဲအသုံးပြုရန် မခင်ခဲပါက အသုံးပြုပြီး လိုအပ်သည့် ဖွံ့ဖြိုးမှုစွမ်းအားကို တည်ဆောက်ဖန်တီးနိုင်ကြမည်ဖြစ်ပါကြောင်း တင်သွင်းပြောကြားခဲ့သည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦး အမည်စာရင်းတင်သွင်းထားပြီး ယနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဌမ နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက စတင်ဆွေးနွေးဖြစ်ကြောင်းသိရသည်။

မြန်မာ့အလင်း (30.5.2018)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်