စိုက်ပျိုးရေး ဘွဲ့ရများအသင်း (ရန်ကုန်)မှ ပြုလုပ်မြဲဖြစ်သည့် လစဉ်ဟောပြောပွဲ အစီအစဉ်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက် စနေနေ့တွင် မြေပဒေသာကျွန်းရှိ အသင်း သင်တန်းခန်းမတွင် စပါးအစွမ်းရှိ စိုက်ပျိုးနည်းစနစ် (System of Rice Intensification)ခေါင်းစဉ်ဖြင့် ဦးသိန်းစု (တွဲဖက် ပါမောက္ခ(ငြိမ်း) )၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် မှ နေ့လည် (၁)နာရီမှ (၃)နာရီအထိ ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။
ဟောပြောပွဲ အစီအစဉ်တွင် ကြိုဆိုဧည့်ခံရေး အတွက် လုပ်အားပေးနိုင်သူ၊ လုပ်အားပေးလိုသူများအနေဖြင့် အသေးစိတ်ကို ဒေါ်ခင်မိုးခိုင် (အတွင်းရေးမှူး) ဝ၉ ၅၁၆၃၅၈၂ သို့ဆက်သွယ်နိုင်ပါသည်။
ဆရာကြီး၏ ဆွေးနွေးပွဲအပြီးတွင်လည်း ရန်ကုန်ရုံးခွဲ၏ လစဉ်အသင်း အစည်းအဝေးရှိပါ၍ အသင်းဝင်များအားလည်း မပျက်မကွက်တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
East West Seed Myanmar ကြော်ငြာ

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ