ငါးပိ၊ လက်ဖက်နဲ့ အရောင်တင်မှုန့်အပါအဝင် ခွင့်မပြုဆိုးဆေးအသုံးပြုထားတဲ့ အစားအစား ၇မျိုးကို အများပြည်သူ စားသုံးဖို့မသင့်တဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကြေညာထားတဲ့ အစားအသောက်အမျိုးအစားတွေထဲမှာ ငါးမင်းအမှတ်တံဆိပ်ငါးပိ၊ ရွှေပြည်စိုးငါးပိ၊ မချို ငါးပိ(အချို)၊ ပွင့်သစ် လက်ဖက် အခါးနှပ်၊ ဒေါ်မြတ်တင် လက်ဖက်အညွန့်၊ ဒေါ်မြတ်တင် လက်ဖက်ချဉ်စပ်နှပ်တို့ပါဝင်ပါတယ်။
ဒါ့အပြင် ရှမ်းမလေး ထိုင်ဝမ်ဇီးယို၊ ရှမ်းမလေး ချစ်သူသီး(အစိမ်းရောင်)၊ သီဟဇော် ခရမ်းချဉ်သီးယို၊ သဲသဲ ဂျယ်လီ၊ Melody ဂျယ်လီရောင်စုံ၊ F4 ဖလိပ်ပြားလိမ္မော်ရောင်၊ ရွှေညွန့်ဖူး ကြက်သွန်ခြောက် လိမ္မော်ရောင်၊ ထူးလျှံပဲကြီးလှော်၊ ရွှေသရဖီ ပဲကြီးလှော်၊ ဒါးနှစ်လက် အရောင်တင်မှုန့်နဲ့ ရွှေအိုးအရောင်တင်မှုန့်တို့ လည်း ပါဝင်ပါတယ်။
အစားသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ သုံးစွဲဖို့ ခွင့်မပြုထားတဲ့ ဆိုးဆေးတွေကို အစားအသောက်တွေမှာ လုံးဝအသုံးမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရေးယူမယ်လို့ လည်း သတိပေးထားပါတယ်။
သတင်းအရင်းအမြစ် - DVB
CPP Fertilizer Company ကြော်ငြာ
စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ
တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်