ဒေသကြက် မီးကိုင်ခြင်း

06/12/2021 13:45 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    ကြက်မီးကိုင်ခြင်းအတွက် အဓိကအချက် ၅ ချက် လိုအပ်ပါသည်။ ၄င်းတို့မှာ-

၁။ လိုအပ်တဲ့ အပူချိန်

၂။ လေကောင်းလေသန့် (Oxygen)

၃။ အလင်းရောင်

၄။ အစာ

၅။ သန့်ရှင်းသော သောက်ရေတို့ လိုအပ်ပါသည်။ 

    ကြက်ပေါက်ကလေးများ မီးကိုင်ရာတွင် အကျယ်အဝန်း အလျား ၃ ပေ၊ အနံ ၂ ပေ အတွင်းတွင်  ကြက်ပေါက်ကလေး အကောင် ၂၀ မှ ၃၀ အထိ  ၃ ပတ် မှ ၄ ပတ် အတွင်း ထားနိုင်ပါသည်။

    မီးကိုင်ခန်းတွင်း ကြက်ပေါက်ကလေးများအတွက် အခင်းကို စပါးခွံ သို့မဟုတ် လွှစာမှုန့်ခင်းပေးနိုင်ပါသည်။ ကြက်ပေါက်ကလေး ၃ ရက် မှ ၅ ရက်သားအတွင်းတွင် စပါးခွံအပေါ် မှ သတင်းစာစက္ကူ  ခံပေးသင့်ပါသည်။

    လျှပ်စစ်အပူချိန်သည် အနီးစပ်ဆုံး ကြက်ပေါက်ကလေးတစ်ကောင်အတွက် ၁ ဝပ် ဖြစ်ပါသည်။ ဥပမာအားဖြင့်  ၄၀ ဝပ် မီးလုံးတစ်လုံးသည် ကြက်ပေါက်ကလေး ၄၀ ကောင်အား မီးကိုင်နိုင်ပါသည်။

နေ့စဉ်ပေးရမည့်အပူချိန် 

    ဒေသကြက်မီးကိုင်စဉ် နေ့စဉ်ပေးရမည့်အပူချိန်မှာ-

၁ ရက်မှ ၃ ရက်   = ၃၅ ဒီဂရီ စင်တီဂရိတ် 

၄ ရက်မှ ၇ ရက်    = ၃၃ ဒီဂရီ စင်တီဂရိတ်

၈ ရက်မှ ၁၄ ရက် = ၃၁ ဒီဂရီ စင်တီဂရိတ်

၁၅ ရက်မှ ၂၁ ရက် = ၂၉ ဒီဂရီ စင်တီဂရိတ်

၂၂ ရက်မှ ၂၈ ရက် = ၂၇ ဒီဂရီ စင်တီဂရိတ်

၂၉ ရက်မှ ၃၅ ရက် = ၂၄ ဒီဂရီ စင်တီဂရိတ်

၃၆ ရက်မှ ၄၂ ရက် = ၂၃ ဒီဂရီ စင်တီဂရိတ်တို့ ရှိရပါမည်။ 

     မီးကိုင်နေစဉ် စိုထိုင်းဆမှာ ၄၀ မှ ၇၀ အတွင်း ဖြစ်သင့်ပါသည်။ အကောင်းဆုံး စိုထိုင်းဆမှာ ၆၀ ဖြစ်ပါသည်။

မှီငြမ်း-အေဘယ် ဒေသကြက်မွေးမြူရေးခြံ။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်