မြန်မာ့စိန်တလုံးသရက် ဂျာမနီနိုင်ငံကိုတင်ပို့သွားနိုင်ရန် စစ်ဆေးမှုများလုပ်နေ

23/06/2019 14:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့စိန်တလုံးသရက်ကို ဂျာမနီနိုင်ငံကိုတင်ပို့နိုင်ရန်အတွက် အရည်အသွေးစစ်ဆေးမှုများလုပ် ဆောင်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ မှသိရပါတယ်။

ဂျာမနီကိုတင်ပို့နိုင်ရေးအတွက်  စိန်တလုံးသရက်ကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) စံနှုန်းအတိုင်း အရည်အသွေးစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ဥယျာဉ်ခြံ ဟင်းသီး ဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြော ပါတယ်။

“သရက်သီးတွေကို တင်ပို့ဖို့အတွက် အရည်အသွေးတွေ စစ်ဆေးနေတယ်။ GAP စံချိန်စံညွှန်းနဲ့လည်း ညီညွတ်စေဖို့အတွက်  ပြည်ပနိုင်ငံတင်ပို့ဖို့ ပိုးမွှားရောဂါစစ်ဆေးနေတယ်။ အတန်းအစားတွေခွဲတယ်။ ကောင်းတဲ့အသီးတွေကို ရွေးတယ်။ မပြည့်မီတဲ့သရက်တွေကို ပယ်တယ်”

တင်ပို့နိုင်ရေးအတွက် အရည်အသွေးစစ်ဆေးခြင်း၊ ရေနွေးစိမ်ခြင် ၊ အခြောက်ခံခြင် ၊ ပြန်လည်စစ်ဆေးခြင်းနဲ့ ပြင်ဆင်ထုပ်ပိုးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

မြန်မာ့စိန်တလုံးသရက် တင်ပို့နိုင်ရေးကို ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲနဲ့ ပြည်တွင်းပြည်ပကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုပါဌာနမှ သိရပါတယ်။ 

ယခင်နှစ်ကလည်း ဂျာမနီနိုင်ငံကို မြန်မာ့စိန်တလုံးသရက် ၁၄၀ ကီလိုတင်ပို့ခဲ့တာဖြစ်ပြီး အခုနှစ်မှာ စိန်တလုံးသရက်ကို (၆၀)ကီလို နှစ်ခါခွဲကာ တင်ပို့သွားမှာဖြစ်ကြောင်း ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နဲ့ အပင်ဇီဝနည်းပညာဌာနခွဲမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်