သနပ်ခါးဈေးကွက် ပွဲစားများကိုသာ အဓိကအားထားနေရ

22/05/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာထွက်ကုန်တစ်ခုဖြစ်သည့် သနပ်ခါးပင် ဈေးကွက်တင်ပို့ရောင်းချရာ၌ ပွဲစားများကိုသာ အဓိကအားထားနေရကြောင်း သနပ်ခါးစိုက်ပျိုးသည့်တောင်သူများက ဆိုသည်။

ဈေးကွက်အခက်အခဲကတော့ ဈေးကွက်တစ်ခုလုံးက ပွဲစားတွေလက်ထဲမှာ ရှိနေတာပါ။ သနပ်ခါးဈေးကွက်က လက်လီဈေးကွက်မှာ မပြတ်ပေမယ့် စိုက်ခြံသမားတွေမှာတော့ ပွဲစားတွေပေးတဲ့ဈေးပဲ ရကြတဲ့အခြေအနေပါ။

ဟု မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အောင်သုခစံပြကျေးရွာမှ သနပ်ခါးပင်စိုက်ပျိုးသူ ကိုမင်းသူရှိန် က ပြောသည်။

တစ်နိုင်လုံးအတိုင်းအတာဖြင့် ရှင်မတောင်၊ ရွှေဘို၊ အရာတော် သနပ်ခါး (၃)မျိုးကို စိုက်ပျိုးနေကြပြီး ရှင်မတောင်သနပ်ခါးကို ဈေးကွက်လိုလားမှု ပိုများပြားသည်။

သနပ်ခါးပင်တစ်ပင်ရဲ့အခြေအနေပေါ် မူတည်ပြီး ပျမ်းမျှ (၆)ပေကနေ (၁၀)ပေ အရွယ်ရှိတဲ့ သနပ်ခါးတစ်ပင်ကို (၅,၀၀၀)ကျပ်ကနေ အမြင့်ဆုံးဈေး (၁၅,၀၀၀) (၂၀,၀၀၀) ကျပ် ရပါတယ်။ မြိုင်၊ ကံမ၊ ပခုက္ကူဘက်က ပွဲစားတွေက သနပ်ခါးခြံအရောက် လာဝယ်ကြတာပါ။

ဟု ကိုမင်းသူရှိန် က ဆက်လက်ပြောသည်။

သနပ်ခါးပင်သည် စိုက်ပျိုးပြီး (၇) နှစ်တွင် ဈေးကွက်တင်ပို့ရောင်းချနိုင်ပြီး အရည်အသွေးအဆင့်ပြည့်မီသည့် သနပ်ခါးပင်ဖြစ်စေရန်မူ အချိန်ကာလ (၁၀) နှစ်နှင့်အထက် ပြုစုထိန်းသိမ်းရကြောင်း သိရသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်