ပိုးကျရောက်မှု လက္ခဏာ ၁။ သီးနှံပင်များကို ဖျက်ဆီးသော ပိုးမွှားများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ၂။ အပင်၏ အမြစ်၊ ပင်စည်၊ အရွက်၊ အပွင့် အသီးများကို ကိုက်ဖြတ်၊ ခြစ်စား၊ စုပ်စားသည့် ဒဏ်ရာများတွေ့ရသည်။
၃။ သီးနှံပင်များ အပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ တွေ့ရမည်။
၄။ သီးနှံပင်၏ ပင်စည်ထဲ ဝင်ရောက်တာ တစ်ပင်လုံး ညှိုးခြောက်၊ အရွက် အခက်များ ပဲကျခြင်းကို တွေ့ရမည်။
၅။ ပိုးဖျက်ဆီးမှု ခံရသော စိုက်ခင်းအား ယူရီးယား ဓာတ်မြေသြဇာကျွေးပါက အပင်များ ပြန်လည် ရှင်သန်လာမည်။ ပြန်လည်ကြီးထွား ရှင်သန်လာသည်။
၆။ ပိုးမွှား မြင်တွေ့က၊ ပင်တွင်းစိမ့်ပြန့်အာနိသင်၊ ထိသေ၊ စားသေ ဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နင်းပါ။
ရောဂါကျရောက်မှု လက္ခဏာ
၁။ သီးနှံပင်များတွင် ပိုးမွှားမမြင်ရ။
၂။ အပင်၏ အမြစ်၊ ပင်စည်၊ အရွက်များပေါ်တွင် နက်ညို၊ မီးခိုးရောင်အကွက်၊ အပြောက်များ တွေ့ရသည်။
၃။ သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ကွက်သည့် ကျစ်စာများ၊ မစင်လုံးများ မတွေ့ရပါ။
၄။ ရောဂါရ အကွက်များ ဆက်စပ်သွားပါက အရွက်ဝါ၊ မဲ၍ကြွေခြင်း၊ တစ်ပင်လုံးညှိုးခြင်း၊ အရည်ထွက်ခြင်း တွေ့ရမည်။
၅။ ယူရီးယား ဓာတ်မြေသြဇာ ကျွေးပါက အပင်များ ရောဂါပိုမို ဆိုးဝါးပြီး အပင်များ သေဆုံးနိုင်သည်။
၆။ ရောဂါဖြစ်ပါက ရောဂါကာကွယ်ဆေးများ မှိုနှင့် ဘက်တီးရီးယား၊ ပိုးသတ်ဆေးများ ရွေးချယ် ပက်ဖျန်းပါ။
အင်းဆက်ဖျက်ပိုးတို့၏ ပါးစပ်အစိတ်အပိုင်းပေါ်မူတည်၍ စားသောက်ဖျက်ဆီးပုံ ကွဲပြားခြားနားမှုကို အောက်ပါ အတိုင်းခွဲခြားမှုကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါသည်။
၁။ စုပ်စားပိုး - ပျ၊ ဖြုတ်၊ ဂျပိုးစိမ်း၊ နှံစုပ်ပိုး၊ သရစ်၊ ယင်ဖြူ(ပင်တွင်း စိမ့်ပြန့်အာနိသင်၊ ထိသေ၊ စားသေဆေးနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နှင်းပါ။
၂။ ကိုက်ဖြတ်ဝါးစားပိုး - လိပ်ပြာ၊ ဖလံ တို့၏ ပိုးလောက်ကောင်များ အတောင်မာကျိုင်းတို့၏ပိုးလောက်ကောင်များ၊ ပုရစ်များ နှံကောင်များ (ထိသေစားသေ အာနိသင်ရှိ ပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းပါ။
၃။ ခြစ်စား၊ လျက်စားပိုး - လှေး၊ မွှား၊ ဖလံ လိပ်ပြာ တို့၏ အကောင်ငယ်လေးများ (ပင်တွင်း စိမ့်ပြန့် အာနိသင်၊ ထိသေဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နှင်းပါ။
၄။ ထွင်းဖောက်စားသောပိုး - စပါးဆစ်ပိုး၊ ကြက်သွန်မြိတ်ပိုး၊ သီးလုံး ဖောက်ပိုး။ (ပင်တွင်း စိမ့်ပြန့် အာနိသင်၊ ထိသေ၊ စားသေဆေးအာနိသင်ရှိ ဆေးများဖြင့် ကာကွယ်နှိမ်နင်းပါ။)
ယခုအခါ ရောဂါနှင့်ပိုးကို ဖြစ်တတ်သော သဘောသဘာဝနှင့်အလေ့အကျင့်များကိုဖော်ပြပြိးနောက် ရောဂါနှင့်ပိုးမွှားအတူယှဉ်တွဲဖြစ်တတ်ခြင်း၊ ပိုးကျနေစဉ်ချိန်တွင်း ရာသီဥတု ကြောင့်သော်လည်းကောင်း ရေသွင်းရေထုတ်ကြောင့်သော်လည်းကောင်း အပူချိန်ရုတ်တရက်ပြောင်းလဲမှု့များကြောင့်သော်လည်းကောင်း အပင်တွင် ကိုယ်ခံအားမကောင်းပါက ရောဂါဝင်ပြီး ပိုးနှင့်ရောဂါတပြိုင်တည်းဖြစ်စေ၊ ပိုးကျပြိးနောက် ပိုးကြောင့်လိုက်လာသောရောဂါဖြစ်စေ အပင်တွင် ဖြစ်တတ်သော အခြေအနေများကိုလည်း သတိမူသင့်ပါသည်။တောင်သူ အကျိုးပြု မိတ်ဆွေးပိုးများ
တောင်သူ အကျိုးပြု မိတ်ဆွေပိုးများကို တွေ့လျှင် ပိုးသတ်ဆေး မဖျန်းပါနှင့်။ ၎င်းမိတ်ဆွေပိုးများမှာ-
၁။ သားရဲကောင်များ- လိပ်ခုံးကျိုင်း၊ ပုရစ်၊ နှံကောင်၊ ပုစဉ်း၊ နဖာချေးပိုး၊ ပင့်ကူ၊ ပျစားယင်၊ ပုရွက်ဆိတ်ကြီးများ။
၂။ ကပ်ပါးပိုးများ - နကျယ်၊ ကပ်ပါးယင်။
ကိုကား-ဘက်စုံသီးနှံ ဖျက်ပိုး ကာကွယ်နှိမ်နင်းနည်း သင်တန်းမှတ်စု
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ