အကျိုးတူကန်ထရိုက်လယ်ယာ(Contract Farming)စနစ်ကို ထပ်မံဆွေးနွေးသွားမည်

28/02/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အကျိုးတူကန်ထရိုက်လယ်ယာ (Contract  Farming)စနစ်ကို ထပ်မံဆွေးနွေးသွားမှာဖြစ် တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

သီးနှံအလိုက် စာချုပ်စာတမ်းတွေကို ခိုင်မာမှုရှိစေရန် သက်ဆိုင်ရာဌာန များအလိုက် ထပ်မံ ဆွေးနွေး ညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့ မှူး ဦးမြင့်လွင်က ပြောပါတယ်။

(၃၁)ရက်နေ့က SOP ထုတ်ပြန်လိုက်တဲ့ လုပ်ထုံးလုပ်နည်းမှ ာစာချုပ်စာတမ်းက သီးနှံ တစ်ခုချင်း စီကမတူဘူး။ အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို ထပ်မံရေးဆွဲညှိနှိုင်းဖို့အတွက် သက်ဆိုင် ရာဌာနများနဲ့  ရေးဆွဲဖို့နောက်တစ်ဆင့်ထပ်သွားရမယ်။စိုက်ပျိုးရေးဦးစီးဌာနကနေ ဦးဆောင်ပြီး သီးနှံဌာနတွေ ၊ အသင်းအဖွဲ့တွေ ခေါ်ပြီးဆွေးနွေးညှိနှိုင်းသွားမှာပါ

အကျိုးတူကန်ထရိုက်လယ်ယာစနစ်(Contract Farming)စနစ်ရဲ့ SOP လုပ်ထုံးလုပ်နည်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရပါတယ်။ 

အဆိုပါလယ်ယာစနစ်ကို Rice Seed Sector  Development Project အစီအစဉ်အရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ Welthungerhilfe WHH တို့မှ ပူးပေါင်းဆောင်ရွက်တာဖြစ်ကြောင်း သိရပါ တယ်။

 တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်