ကြယ်ပဲအကြောင်းသိကောင်းစရာ

22/01/2018 16:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြယ်ပဲ မူရင်းဒေသနှင့် ရုက္ခဗဒ

ကြယ်ပဲ (sucha inchi) ကို ဒေသခံ အင်ကာလူမျိုးများမှ Incha peanut သို့မဟုတ် Mountain peanut ဟုခေါ်သော အပင်သည် တောင်အမေရိကတိုက်ရှိ အမေဇုံ ဒေသ ပီရှုးနိုင်ငံရှိ တောင်ပေါ်ဒေသတွင် ပေါက်ရောက်ပြီး ဒေသခံများသည် အစေ့၊ အဆံများကို နှစ်ပေါင်းများစွာကပင် စားသုံးကြသည်။ ဒေသခံများ အဆိုအရ ကလေးများကို ကျွေးရာတွင် လျင်မြန်စွာ ကြီးထွားပြီး အသက်ကြီးသူများနှင့် မကျန်းမာသူများ စားသုံးရာတွင်လည်း ရောဂါလျင်မြန်စွာ ပျောက်ကင်းပြီး ကျန်းမာလာသည်ဟု ဆိုသည်။

ကြယ်ပဲ၏ သိပံအမည်မှာ Plukenetia Nolubilis hinn ဖြစ်ပြီး ဒေသခေါ် Socha Inchi ဖြစ်ပြီး ကြက်ဆူမျိုးရင်ဝင်ဖြစ်ပြီး Euphorbiaceae ခေါ် ကြက်ဆူမျိုးရင်းဝင်ပင်ဖြစ်သည်။ နွယ်တက်သော ပင်စည်ဖြစ်ပြီး နှစ်လုံးပုံရှိပြီး၊ အစိမ်းရင့်ရောင် နှင့် ထင်ရှားသော ရွက်ကြောမကြီးများ ရှိသည်။ ပန်းခိုင်မှာ “စပိုက်” ခေါ်ရိုးတံပေါ်တွင် အောက်ဆုံးတွင် ကတော့ပုံစံ အမပွင့် တစ်ပွင့် သာရှိပြီး ကျန်အပွင့်များမှာ အဖိုပွင့်များသာ ဖြစ်ကြသည်။ အသီးမှာ ကြယ်ပုံစံ ထောင့် ၄ ထောင့် မှ ထောင့် ၇ ထောင့် ရှိပြီး ကြယ်ပုံစံရှိသောကြောင့် ကြယ်ပဲဟု မြန်မာအမည် ပေးထားခြင်း ဖြစ်သည်။ ကြယ်ပဲ၏ အပြင်သီးခွံမှာ ပျော့ပြောင်းပြီး အတွင်းသီးခွံနှင့် ကြယ်ပဲအစေ့ခွံသည်လည်း မာကြောသည်။

ကြယ်ပဲပင်သည် အပင်ပေါက်ပြီး ခြောက်လအကြာတွင် အသီးစတင်သီးပြီး အပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး နှစ် ၃၀ မှ ၆၀ ကျော်အထိ သီးပွင့် နိုင်သည်။ ကြယ်ပဲပေါက်သော ဒေသတွင် သက်တန်း ၁၀၀ ကျော် အပင်များ ရှိသည်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ ကြယ်ပဲရောက်ရှိလာပုံ

ကြယ်ပဲကို အိမ်နားနီးချင်းနိုင်ငံ ဖြစ်သော တရုတ်၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် ၂၀၁၀ ခုနှစ်ကပင် စိုက်ပျိုးထုတ်လုပ်နေကြပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ယိုးဒယားနိုင်ငံ Nathan Training Co.lt မှ တရားဝင် ကြယ်ပဲမျိုးစေ့များကို ပါမောက္ခ ဒေါက်တာ ချန်ဆာမုန်သည် မြန်မာနှစ်ချင်းအဖွဲ့ချုပ် (MBC-CSSDD) မှ လူမှုဝန်းထမ်းနှင့် ဖွံဖြိုးရေး ဒါရိုက်တာ သိက္ခာတော် ဆရာ စောဟဲမူး နှင့် ဆက်သွယ်ပြီး ကြယ်ပဲမျိုးစေ့ ကီလို ၅၀ သန်းကို စမ်းသပ်စိုက်ပျိုးရန်ပေးအပ်ခဲ့ပါသည်။ ၎င်းကာလတွင် ကြယ်ပဲအကြောင်း သိပ်ပြီး သိရှိနားလည်သူမရှိသေးသဖြင့် အပင်များကို စိုက်ပျိုးပြုစုရာတွင် အောင်မြင်မှု သိပ်မရှိခဲ့ပါ။

Nathan Training Co.lt (NTC ) မှ ဒုတိယ အကြိမ် ၂၀၁၄ ဒီဇင်ဘာလတွင် ကြယ်ပဲ စိုက်ပျိုးလိုသော တောင်သူများကို ဖိတ်ခေါ်ပြီး MBC-CSSDD ဖွံဖြိုးရေးခြံတွင် နှစ်ရက်တာ ကြယ်ပဲ စိုက်ပျိုးနည်းကို သင်ကြားပို့ချကာ မျိုးစေ့များကို အခမဲ့ပေးပြီး ထွက်ရှိလာသော ကြယ်ပဲစေ့များကို တစ်ကီလိုလျှင် ဘက် ၅၀ ဖြင့် ငါးနှစ်တိုင် ဝယ်ယူရန်နှင့် နောက်ငါးနှစ်တွင်စျေးနှုန်းအတက်အကျဖြင့် ထပ်မံစာချုပ်ချုပ်ဆိုပြီး ဝယ်ယူမည်ဖြစ်ကြောင်း စိုက်မည့် သူများနှင့် ညှိုနှိုင်းကြသည်။ ထို့နောက် ဖွံ့ဖြိုးရေးခြံတွင် စိုက်ထားသော ကြယ်ပဲပင်များကို လေ့လာပြီး သင်တန်းတက်ရောက်သူများမှ သိရှိလိုသော အရာများကို ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခြင်း ပြုလုပ်ဖြစ်သည်။ ၂၀၁၆ ခုနှစ်အထိ NTC နှင့် စာချုပ်ချုပ်ဆိုပြီး ၂၀၁၅ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ကြယ်ပဲစိုက်ဧက ၃၈၀ ကျော် စိုက်ပျိုးနိုင်ခဲ့သည်။

၂၀၁၄ ဧပြီလတွင် EL Skaddi မှ ဒါရိုက်တာ Mr.John Albert သို့ သူသည် ရန်ကုန်မြို့ ပုလဲရှိ ယောကျာ်းများအသင်းသို့လာပြီး ကြယ်ပဲအကြောင်းဟောပြောပြီး စိုက်ပျိုးလိုသူများအား မျိုးစေ့များတစ်ကီလိုကို ကျပ်သုံးသိန်းခွဲဖြင့် ရောင်းချပေးခဲ့သည်။ ထွက်ရှိလာသော ကြယ်ပဲမျိုးစေ့များကို တစ်ကီလိုကို ကျပ် ၁၅၀၀ နှင့် ဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီး ရောင်းချပေးခဲ့သည်။ ယခုအခါ ကြယ်ပဲစိုက်ပျိုးသူ အများအပြား ရှိလာပြီး စျေးကွက်တွင် စာသုံးရန်အဖြစ် စျေးကွက်များကို လှော်ပြီး ရောင်းချနေပြီး၊ စားသုံးသူများလာသည့်အတွက် ပြည်တွင်းနှင့် နိုင်ငံခြားစျေးကွက်ကို ထိုးဖောက်နိုင်ရန် ကြယ်ပဲ အစုအဖွဲများ ဖွဲစည်းပြီး ဖြစ်ပါသည်။ ကြယ်ပဲသည် အဓိက ဆေးဖက်ဝင်နှင့် ဆီထွက်သီးနှံ ဖြစ်သဖြင့် ပြည်ပစျေးကွက်တွင် တန်ဖိုးအလွန်မြင့်မားသဖြင့် ပြည်ပစျေးကွက်တွင် တန်ဖိုးအလွန်မြင့်မားသဖြင့် ပြည်ပစျေးကွက်ကို ထိုးဖောက်နိုင်ရန် အရည်အသွေးစစ်ဆေးနိုင်သော ဓာတ်ခွဲခန်း လိုအပ်လျက်ရှိပြီး ကြယ်ပဲကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သော ကြယ်ပဲအဆီ၊ ပရိုတင်းအမှုန့်၊ ဆပ်ပြာ၊ ခေါင်းလျော်ရည် စသည်တို့ ပြုလုပ်သည့် နည်းလမ်းများနှင့် ထုတ်ပိုးမှုနည်းပညာများကို လိုအပ်လျက်ရှိပါသည်။

ကြယ်ပဲစေ့၏ အားသာချက်များ

ကြယ်ပဲစေ့တွင် အခြားဆီထွက်သီးနှံများထက် အာဟာများနှင့် ကောင်းသော ပြည့်ဝအဆီများ ပါဝင်သည်။ ကြယ်ပဲပင် စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများအတွက် စီးပွားရေးနှင့် ကျန်းမာရေး ကောင်းမွန်စေနိုင်သည်။ သိပပံပညာရှင်များလေ့လာချက်အရ ကြယ်ပဲတွင်မပြည်ဝသော အိုမီဂါ ၃ မှာ ၅၃ %၊ အိုမီဂါ ၆ မှာ ၃၃%၊ အိုမီဂါ ၉ မှာ ၉ % အထိ ပါဝင်သောကြောင့် ဖြစ်သည်။ စားသုံးရာတွင်လည်း ပရိုတင်းခေါ် အသားဓာတ်၂၇ %နှင့် ဆီ ၃၅%-၆၀% ပါဝင်ပြီး အိုင်အိုဒင်းနှင့် ဗီတာမင် A နှင့် B များစွာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ဖတ်များစွာ ပါဝင်သည်။ ရှေးအင်ကာလူမျိုးစု အမျိုးသမီးများသည် ကျန်းမာရေးကုသရန် အတွက်နှင့် ကလေးသူငယ်များ ကြီးထွားဖွံဖြိုးရန်နှင့် အသက်ကြီးသူများ ကျန်းမာရန် ကြယ်ပဲစေ့များကို ကျွေးကြသည်။ ယခုအခါတွင် ကြယ်ပဲစေ့များကို အရသာ ရှိသော သရေစာအဖြစ် ပြုလုပ်စားသုံးကြသည်။

အိုမီဂါ ၃ မှ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ စွမ်းအင်တိုးတက်စေခြင်း ပျက်စီးသွားသော ကြွက်သားများ ပြုပြင်ခြင်း၊ ဆံသား၊ အသားရေနှင့် လက်သဲများသန်စွမ်းစေခြင်း၊ သွေးတိုးကျစေခြင်း၊ ကင်ဆာရောဂါ တိုက်ဖျက်ခြင်းနှင့် အဆစ်ရောင်နာ ရောဂါ ကာကွယ်ပေးခြင်းတို့ဖြစ်သည်။

အိုမီဂါ ၆ အကျိုးကျေးဇူးများမှာ အဆစ်ရောင်နာရောဂါကြောင့် နာကျင်မှုများကို လျော့နည်းစေခြင်း၊ ညှင်းနှင့် အရေပြားရောဂါများ ကာကွယ်ပေးခြင်း၊ ကင်ဆာရောဂါ ကုသရန် အထောက်အကူပေးခြင်းနှင့် ဝက်ခြံနှင့် မှဲ့ခြောက်များပျောက်ကင်းစေနိုင်သည်။ အိုမီဂါ ၆ သည် အိုမီဂါ ၃ အချိုးထက် ထက်ဝက်ကျော်နည်းရမည်။

ကြယ်ပဲစေ့တွင် ပါဝင်သော ဗီတာမင်များ အနေဖြင့် ဗီတာမင် A သည် ဓာတ်တိုးဆန့်ကျင်ဖက် အားကောင်းစေသည်။ ဗီတာမင် C သည် ခနဓာကိုယ်တွင်း ဓာတ်တိုးဆန့်ကျင်ဖတ်များ တိုးပွားစေခြင်းနှင့် ကင်ဆာ အချို့ ဖြစ်ပွားမှုနှင့် နှစ်လုံးသွေးကြောရောဂါများဖြစ်မှုကို လျော့နည်းစေသည်။ ဗီတာမင် E သည် စွမ်းအားကောင်းသော ဓာတ်တိုးဆန့်ကျင်ဖတ်များ ဖြစ်သည်။ ကိုယ်ခံစွမ်းအား တိုးစေခြင်း ၊ သွေးကြောပိတ်ခြင်းနှင့် ရောင်ရမ်းမှု လျော့နည်းစေသည်။

ကြယ်ပဲ စိုက်ပျိုးခြင်းမှ ရရှိသော အကျိုးကျေးဇူးများ

• ကြယ်ပဲ သီးနှံသည် ထုတ်လုပ်မှု ထုတ်လုပ်မြှု သက်တန်းရှည်သည့် သဘာဝ အပင်များသည် သက်တန်း ၇၅ နှစ်ထိ ထွက်ရှိသည်ကို တွေ့ရှိရသည်။

• အထွက်နှုန်း အလွန်ကောင်းသည်။

• ရေရှိသော ဒေသတွင် တစ်နှစ်ပတ်လုံး ဆွတ်ခူးနိုင်သည်။

• အခြားသီးနှံများထက် ထုတ်လုပ်မှု ကုန်ကျစာရိတ် သက်သာသည်။

• သီးညှပ်စိုက်ပျိုးနိုင်သဖြင့် ဝင်ငွေပိုမိုရရှိနိုင်သည်။

• နှစ်ရှည်ပင်အနေဖြင့် ဝင်ငွေစောစော ရနိုင်သည်။ စစိုက်ပြီး ၇ လတွင် ဝင်ငွေ စတင် ရရှိနိုင်သည်။

မောင်မောင်ထွေး

ပါမောက္ခ (ငြိမ်း)

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်