ကမ္ဘာကြီးကို ကယ်တင်စေနိုင်တဲ့ အလွယ်လမ်းများ - အိမ်အပြင်တွင် လုပ်ဆောင်နိုင်သည့် အရာများ

17/01/2018 17:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
ဒီတစ်ခေါက်မှာတော့ အဆင့်(၁) ဆိုဖာပေါ်မှာ သက်တောင့်သက်သာနေရင်းနဲ့မှ လုပ်နိုင်သော အရာများ နဲ့ အဆင့်(၂) အိမ်နေရင်းလုပ်ဆောင်နိုင်သည့် အရာများ တို့ထက် တစ်ဆင့်မြှင့်ပြီး အိမ်အပြင်ကို ထွက်ပြီး လုပ်ဆောင်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် နည်းလမ်းလေးတ​ွကေို ဖော်ပြပေးချင်ပါတယ်။ ဆိုတော့ ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်တွေ၊ မုန့်တိုင်းတွေ၊ ရေလွမ်းမိုးတွေ၊ မိုးခေါင်မှုတွေ နည်းပါးလာအောင်၊ ပပျောက်သွားအောင် လုပ်ဖို့က အစိုးရတွေရဲ့အလုပ်၊ ပညာရှင်ကြီးတွေရဲ့ အလုပ်တွေပဲ မဟုတ်တော့ပါဘူး။ ကိုယ်အနေနဲ့ အိမ်မှာနေရင်း ဘာတွေလုပ်နိုင်မလဲ။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လေ့လာရင်း ကြိုးစားဆောင်ရွက်ကြရအောင်။ 
 
အဆင့်(၃) အိမ်အပြင်တွင် လုပ်ဆောင်နိုင်သည့် အရာများ 
  • မိမိနေထိုင်ရာဒေသအတွင်းသာ ဈေးဝယ်ထွက်ပါ။ ပြည်တွင်းဖြစ် စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းက မိမိဒေသရှိ လူတွေကို အလုပ်အကိုင် အခြေကျအောင် ကူညီပေးသကဲ့သို့  မိမိဒေသမှာသာ ဈေးဝယ်ခြင်းက  ခရီးသွားယာဉ်များကို ခရီးဝေးသွားခြင်းမဖြစ်စေတဲ့အတွက် စွမ်းအင်ချွေတာပြီးသား ဖြစ်ပါလိမ့်မယ်။
  • ဈေးဝယ်ထွက်ရင် စာရင်းပြုစုပါ။ အသုံးအဆောင်ပစ္စည်း၊ စားစရာများကို မလိုအပ်ဘဲ မဝယ်မိပါစေနဲ့။ ခင်ဗျားကို အမြဲဈေးဝယ်ထွက်ဖြစ်အောင် မြူဆွယ်ဖြားယောင်းနေတဲ့ ကြော်ငြာတွေကို ကြည့်ပြီး အရှုံးမပေးလိုက်ပါနဲ့။ ပစ္စည်းများမှာ ကြော်ငြာတိုင်းမကောင်းကြောင်း သတိထားဆင်ခြင် ဆုံးဖြတ်ချင့်ချိန်သင့်ပါတယ်။
  • ပုံပန်းမလှတာကြောင့် ဈေးကွက်မဝင်တဲ့  သစ်သီးဝလံများကို ဝယ်ယူအားပေးပါ။ မြောက်မြားစွာသော အသီးအနှံများ၊ အသီးအရွက်များဟာ အရွယ်အစားသေးငယ်ခြင်း၊ ပုံပန်းနဲ့အရောင်မလှခြင်း စတဲ့  အကြောင်းပြချက်အမျိုးမျိုးနဲ့ ဈေးကွက်ထဲဝင်ခွင့်မရဘဲ ပစ်ပယ်ခံနေကြရပါတယ်။ ဒီလိုမျိုး သစ်သီးအပယ်တွေ ရရှိနိုင်တဲ့ နေရာတွေမှာ လိုက်လံရှာဖွေဝယ်ယူခြင်းဖြင့် အကျိုးမရှိဘဲ စွန့်ပစ်ခံလိုက်ရမည့် အစာအရင်းအမြစ်များကို ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်
  • အကယ်၍ သင်ဟာ ပင်လယ်စာကြိုက်သူတစ်ယောက်ဆိုရင် မိမိစားတဲ့ ပင်လယ်စာအမျိုးအစားကို သတိထားရွေးချယ်စားသုံးပါ။ မိမိစားသုံးတဲ့ ပင်လယ်စာဟာ ရေရှည်စားသုံးနိုင်မယ့် အစားအစာမျိုး မဟုတ်လျှင်ဖြစ်စေ၊ နောင်အနာဂတ်မှာ မျိုးတုံးပျောက်ကွယ်သွားနိုင်မယ့် မျိုးစိတ်တစ်ခုခုဖြစ်နေလျှင်ဖြစ်စေ လျှော့ပေါ့စားသုံးပါ။ ဖြန့်ဖြူးရောင်းချနေသော ဆိုင်ကိုပါ မိမိသိထားသော အကြောင်းအရာများကို ပြန်လည်ဝေမျှပြီး အသိပညာပေးပါ။ 
  • မည်ကဲ့သို့သော ပင်လယ်စာမျိုးစိတ်များမှာ မစားသုံးသင့်ကြောင်း၊ မည်သို့သော ပင်လယ်စာများမှာ ကြာရှည်စားသုံးနိုင်မည့် မျိုးစိတ်များဖြစ်ကြောင်း လမ်းညွှန်ပေးသည့် ဆော့ဝဲလ်appတစ်ခုလည်း ရှိနေပါသည်။ အကယ်၍ သင်သည် ပင်လယ်စာအရမ်းကြိုက်နှစ်သက်သော လူတစ်ယောက်ဖြစ်နေခဲ့ပါက ထိုappတွင် လေ့လာဆန်းစစ်ပြီးမှသာ စားသုံးသင့်ပါတယ်။ (http://www.seafoodwatch.org/seafood-recommendation/our-app
  • သွားလာစရာရှိရင် စက်ဘီးစီးပါ၊ လမ်းလျှောက်ပါ။ ဒါမှမဟုတ် အများပြည်သူသုံး ယာဉ်များကို အသုံးပြုပါ။ သူငယ်ချင်းအသိမိတ်ဆွေအများကြီးနဲ့ ခရီးသွားမယ်ဆိုရင် တကွဲတပြားစီမသွားဘဲ စုပေါင်းသွားခြင်းဖြင့် စွမ်းအင်အရင်းအမြစ်သုံး ယာဉ်များသုံးစွဲမှုကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်ပါ။ 
  • သင့်၏နေ့စဉ်ဘဝတွင် ပြန်လည်ဖြည့်ဆည်းအသုံးပြုနိုင်သော ရေသန့်ပုလင်းနဲ့ ကော်ဖီခွက်များကိုသာ အသုံးပြုပါ။ ဒီနည်းနဲ့အသုံးအဆောင်ပစ္စည်းများ ဖြုန်းတီးခြင်းကို သက်သာစေသလို ပိုက်ဆံလည်း ချွေတာပြီးသား ဖြစ်နေပါလိမ့်မည်။ 
  • ဈေးဝယ်ထွက်တိုင်း သင်ရဲ့ ကိုယ်ပိုင်ထည့်စရာအိတ်တစ်ခုခုကို သင်နဲ့အတူ ယူဆောင်သွားပါ။ ဆိုင်တွေက ထည့်ပေးနိုင်တဲ့ ပလပ်စတစ်အပိုအိတ်များကို ငြင်းပယ်ပြီး သင်ယူလာတဲ့  အိတ်နဲ့သာ ဝယ်ယူပစ္စည်းများကို ထည့်ယူသယ်ဆောင်ပါ။ 
  • သင်အစားအစာ စားသောက်သုံးဆောင်စဉ် တစ်ရှူးသုံးစွဲမှုကို သတိထားဆင်ခြင်ပါ။ သင်ထမင်းတစ်ပွဲ စားသောက်ပြီးစီးဖို့အတွက် လက်တပွေ့စာလောက် တစ်ရှူးအမြောက်အများကို အသုံးစွဲမိပါစေနဲ့။ လိုသလောက်သာ သုံးစွဲသင့်ပါတယ်။ 
  • အရည်အသွေးကောင်းသော အသုံးအဆောင်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲပါ။ သတိထားရမှာကတော့ နာမည်ကြီး (brand)တံဆိပ်တိုင်း အရည်အသွေးမကောင်းနိုင်ဆိုတဲ့ အချက်ပါ။ လက်ဟောင်းဆိုင်များတွင် သင့်အတွက် အသုံးဝင်လောက်သည့်၊ အရည်အသွေးကောင်းသည့် ပစ္စည်းများရှိကြောင်းကို ရှာဖွေလေ့လာပါ။
  • အကယ်၍ ခင်ဗျားမှာ ကိုယ်ပိုင်ကားတစ်စီးရှိမယ်ဆိုရင် အချိန်ရရင် ရသလို ကားကို သန့်ပြန့်စမတ်ကျအောင်ထားပါ။ ကားဟွန်းတီးသံကောင်းကောင်းမြည်တဲ့ကားတွေဟာ ကားမီးခိုးငွေ့များနဲ့ ရောနှောထွက်လာတဲ့  အန္တရာယ်ရှိသည့် ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ပါးစေပါတယ်။ 
  • သင်မသုံးတော့တဲ့ အသုံးအဆောင်ပစ္စည်း၊ အဝတ်အထည်များကို လှူဒါန်းပါ။ သင့်အတွက် အသုံးမဝင်ဟုထင်မှတ်ထားသော ယင်းအဝတ်အစား၊ စာအုပ်များနဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ အလှူပစ္စည်းကောက်ခံတဲ့ ဌာနတွေကတစ်ဆင့် ဘဝသစ်တစ်ခုအတွက် လုံလောက်သော အထောက်အပံ့အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ 
  • မိမိအိမ်မှာ ကလေးတွေရှိရင်  နိုင်ငံတော်က ချမှတ်ပေးတဲ့ ကာကွယ်ဆေးတွေကို သင်ကိုယ်တိုင်ရော ကလေးများပါ ပုံမှန်ထိုးပါ။ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တာဟာ ဖြစ်ပွားပြီးမှ ကုန်ဆုံးရမယ့် အရင်းအနှီးများနဲ့ ယှဉ်ရင်  သက်သာရာရပါသေးတယ်။ 
  • သင်နေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်းမှာသော်လည်းကောင်း၊ နိုင်ငံတော်အတွင်းမှာသော်လည်းကောင်း ခေါင်းဆောင်များကို ရွေးချယ်ပိုင်ခွင့်ရှိသော သင်အခွင့်အရေးကို အပြည့်အဝအသုံးချတတ်ပါစေ။ အကြောင်းရင်းကတော့ သင်ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်ဟာ သင့်လူ့အဖြဲ့အစည်းပြောင်းလဲတိုးတက်ရေး လုပ်ဆောင်ရာတွင် ဖြစ်စေ၊ နိုင်ငံတော်ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်ဖြစ်စေ အရေးပါ အရာရောက်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး အထက်ပါနည်းလမ်းတွေကို ပံ့ပိုးကူညီနိုင်မယ့်သူဖြစ်တာကြောင့်ပါ။

မုဒြာ (အစိမ်းရောင်လမ်း)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်