Green Way အဖွဲ့သည် The Abundance Project မှ ဦးဆောင်ပြုလုပ်သည့် Building Sustainability and Peace Across Asia: Customized Spring 2014 Extension Program တွင် စိုက်ပျိုးရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နည်းပညာများကို မျှဝေပေးနိုင်ရန် သီရိလင်္ကာ နိုင်ငံ Belipola ရှိ သြဲဂဲနစ်စိုက်ပျိုးရေးနှင့် သစ်တောထိန်းသိမ်းရေး အဖွဲ့ ၏ လေ့လာရေးခြံသို့ ရောက်ရှိလျှက်ရှိသည်။ အဆိုပါ အစီအစဉ်တွင် Green Way မှ ဒေသခံ အဏုဇီဝ မွေးမြူခြင်းနှင့် လက်တွေ့ အသုံးပြုခြင်း၊ တီမွေးမြူခြင်းနှင့် တီကျစ်မြေသြဇာပြုလုပ်ခြင်း၊ မြေဆွေးပုံမှ ရေပူပြန်လည် ထုတ်ယူသုံးစွဲခြင်း၊ Recycle အစီအစဉ်များနှင့် အခြား သြဲဂဲနစ် ဆိုင်ရာ နည်းပညာများကို မျှဝေ သွားမည်ဖြစ်ပါ သည်။ အဆိုပါ အစီအစဉ်မှာ တစ်လကြာမြင့်မည်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင်း လေ့လာရေး ခရီးစဉ်များပါ ပါဝင်မည်ဖြစ်ပါသည်။ လေ့လာရရှိသော နည်းပညာများနှင့် အတွေ့အကြုံများကို Green Way ဝက်ဆိုဒ်မှ ပြန်လည် မျှဝေသွားမည် ဖြစ်ပါသည်။
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ