ကန့်ဘလူမြို့နယ်အတွင်း ငရုတ်သီးမျိူးများစမ်းသပ်စိုက်ပျိုးရန်ဆွေးနွေး

20/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ  ဒေသထွက်ငရုတ်သီးများကို စမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက်  ဆွေးနွေးညှိနှိုင်းနေကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

ကန့်ဘလူဒေသဖွံ့ဖြိုးတိုးတက်စေရန်နဲ့ အရည်အသွေးကောင်းပြီး စျေးနှုန်းရရှိတဲ့ ငရုတ်မျိုးများစမ်း သပ်စိုက်ပျိုးနိုင်ရန် ဆွေးနွေးခဲ့တာဖြစ်တယ်လို့  ငရုတ်သီးစျေးကွက်နှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌ ဒေါ်ဥမ္မာကျော်ကပြောပါတယ်။

ကန့်ဘလူကထွက်ရှိတဲ့ ငရုတ်သီးတွေ အရည်အသွေးကောင်းတွေရရှိလာရေး၊ တောင်သူတွေအတွက်လည်း စျေးနှုန်းကောင်းတွေရရှိစေဖို့အတွက် ငရုတ်သီးမျိုးများကို စမ်းသပ်စိုက်ပျိုးနိုင်ဖို့  ကန့်ဘလူက စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆွေးနွေးခဲ့တယ်။ မျိုးလေးတွေစမ်း မယ်၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်

ယခုနှစ်အတွင်း မြန်မာ့ငရုတ်သီးကို ပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။ 

မြန်မာ့ငရုတ်သီးကို ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်းလည်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်