နှစ်စဉ် ဝါး အသက်မွေးသင်တန်းသားဦးရေ ၇၀၀ ၀န်းကျင် သင်တန်းပို့ချပေးနေ 

13/03/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ နှစ်စဉ် ဝါးအသက်မွေးသင်တန်းသားဦးရေ ၇၀၀ ၀န်းကျင် သင်တန်းပို့ချပေးနေကြောင်း အဆိုပါအသင်းမှ သိရသည်။ 

Professional ဝါးပရိဘောဂ သင်တန်းပါ။ သင်တန်းတက်ရောက်ပြီးရင် မိမိတို့အသင်းအတွက်၊ မိမိဒေသအတွက် ပြန်လည်သင်ကြားပေးနိုင်မယ်။ ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းလည်းပြုနိုင်စေဖို့ ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးနေတာပါ။ သင်တန်းသားဦးရေကိုတော့ ကန့်သတ်ထားပါတယ်။

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

အသင်းအနေဖြင့် ယခင်က နယ်ဒေသများသို့လိုက်၍ သင်တန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၀ခုနှစ်မှ စတင်ကာ ဇေယျာသီရိမြို့နယ်၊ ဝင်ပြန်ရွာ၊ ရန်မန်းလမ်းဟောင်းမိုင်တိုင်၊ ၂၄၀/၁ ခရေပင်လမ်းခွဲအနီး၌ ဝါးအထူးပြုသင်တန်းကို စတင်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

အခြေခံသင်တန်းတွေလည်း များပြီဆိုတော့ အထိုင်နေရာတစ်ခုမှာ သေချာပို့ချတော့မယ်လို့ စီစဉ်နေပါတယ်။ ၂၀၂၀ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ အထူးပြုသင်တန်းကို စဖွင့်ပါတော့မှာပါ။

ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ဝါးအသက်မွေးသင်တန်းကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဝါးစိုက်ပျိုးရေးအသင်းများတွင်လည်း ဖွင့်လှစ်သင်ကြားပို့ချပေးနေပြီး၊ နီးစပ်ရာဒေသ၌ ဆက်သွယ်သင်ယူနိုင်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM) 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်