ဝါးမီးသွေးသင်တန်း ရွှေကျင်မှာ ပထမဆုံးအကြိမ် သင်ကြားပေးသွားမည်

06/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရွှေကျင်မြို့နယ်တွင် ဝါးမီးသွေးသင်တန်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်သင်ကြားပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။

ဝါးမီးသွေးကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သူများအတွက် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ ဥက္ကဠ ဦးဝင်းကျော်ဦးက ပြောပါတယ်။

ဝါးမီးသွေးကို ရွှေကျင်မှာကျ တစ်ပိုင်တစ်နိုင်လုပ်တဲ့သူတွေ စျေးကွက်လည်းရဖို့အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးသွားမှာပါ။ နည်းပညာကျတော့ ပြည်ပကနေ ထောက်ပံ့ကူညီပေးထားတယ်။ ဝါးမီးသွေး စျေးကွက်ရအောင်လည်း အသင်းအနေနဲ့ လုပ်ဆောင်နေတာတွေရှိပါတယ်

ဝါးမီးသွေးပြုလုပ်တဲ့ နည်းပညာသင်တန်းကို ဒိန်းမတ်နိုင်ငံမှ နည်းပညာအကူအညီထောက်ပံ့ပေးတာဖြစ်ကြောင်လည်းအဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ဝါး စျေးကွက်ရရှိနိုင်ရန်အတွက်လည်း ဝါးထွက်ရှိရာဒေသများမှာ ကွင်းဆင်းကာလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ဝါးကို ပြည်တွင်းစျေးကွက်မှာသာ ရောင်းချနေပြီး ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများရှိနေကြောင်းလည်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်